ဂျောင်ဂုရဲ့အကြံတွေဖြင့် ထယ်ယောင်းနဲ့ဂျောင်ဂု Mrs.Jeon မရှိတဲ့အချိန်ဆိုလွတ်လပ်နေကြသည်။စာမေးပွဲနီးနေပေမယ့် စာလုပ်နေရတာကြောင့် နှစ်ယောက်စလုံးကစာတွေဖြင့်လုံးပမ်းနေကြသည်။စာမေးပွဲအနီးကပ် အိမ်မှာပဲလေ့လာချင်သူတွေအတွက် ဆရာ၊ဆရာမတွေကခွင့်ပြုပေးထားတာကြောင့် ပိုပြီးအဆင်ပြေနေသည်။
"ကိုကို့အချစ်ကလေး စာတွေရနေပြီလား~"
"အွန်း~ ကိုကိုရော"
"ဒါပေါ့...ကိုကိုက ဘယ်သူမို့လို့လဲ ဂျွန်ဂျောင်ဂုလေ။ဟက် စာတွေလောက်ကတော့ကွာ easy peasy lemon squeey..."
"ပြောတာပဲ သားတွေ့လိုက်ရင်ကိုကိုက သူငယ်ချင်းတွေနဲ့အလေလိုက်နေတာချည်းပဲလေ။"
"အော...ကိုကို့ကိုဆရာလုပ်နေတာပေါ့လေ။"
ထယ်ယောင်းရဲ့အခန်းကျဥ်းလေးထဲမှာကြမ်းပြင်ပေါ်မှာထိုင်နေသော ထယ်ယောင်းရဲ့ပေါင်ကိုခေါင်းအုံးထားပြီးစာကြည့်နေသောဂျောင်ဂု။ထယ်ယောင်းက ဂျောင်ဂုရဲ့ဆံပင်လေးတွေကိုခပ်ဖွဖွပွတ်သပ်ပေးရင်း စာကျက်လို့နေခြင်း။
"ကိုကို~"
"ဗျာ..."
"ကိုကိုကျောင်းပြီးတာနဲ့ မေမေလေးရဲ့အလုပ်တွေကို ဝိုင်းကူပေးတဲ့အခါအထောက်အကူဖြစ်အောင် သင်တန်းတက်ရမှာဆို။"
"အင်းလေ..."
"သားကကျောင်းမပြီးသေးတော့ ကိုကိုနဲ့အတူတူလိုက်ပြီးသင်တန်းတက်လို့မရဘူးပေါ့။"
"ဒါပေါ့~ အငယ်လေးက ငယ်သေးတာကိုး။အဟားဟား အသက်လည်းမပြည့်သေးဘဲ ရည်းစားထားနေတာ ဘယ်က ကလေးလေးလည်းမသိပါဘူး။"
ကိုကိုကရယ်ပြီး မျက်နှာကိုသူ့ဗိုက်လေးဘက်လှည့်လာပြီး အင်္ကျီကိုမ,တင်လိုက်ပြီး အင်္ကျီထဲခေါင်းကိုဝင်ရင်း နှာခေါင်းလုံးလုံးလေးနဲ့ ပွတ်သပ်နေတာကြောင့် ထယ်ယောင်းမှာ အမြန်တွန်းထုတ်ရသည်။
"အား...ကိုကို ယားတယ် အဲ့လိုမလုပ်နဲ့လို့! အား..."
ထယ်ယောင်းကိုကြမ်းပြင်ပေါ်လှဲချလိုက်ပြီး ထယ်ယောင်းရဲ့T-shirtအင်္ကျီလေးကိုဆွဲချွတ်လိုက်သည့်ဂျောင်ဂု။အပေါ်ပိုင်းဗလာကျင်းသွားတဲ့ထယ်ယောင်းကို အပေါ်ကနေငုံ့မိုးကြည့်နေရင်းဂျောင်ဂု စိတ်မထိန်းနိုင်ဖြူဖွေးနေတဲ့ ထယ်ယောင်းရဲ့လည်တိုင်လေးကို စုပ်ယူကိုက်ခဲတော့သည်။