ထယ်ယောင်းနိုးလာတော့ ကိုကိုကအခုထိသူ့ကိုဖက်ထားဆဲဖြစ်သည်။ကိုကို့ မျက်နှာကိုမော့ကြည့်လိုက်တော့လည်း အိပ်မောကျနေတာမို့ သူအချိန်အကြာကြီးငေးမောနေမိတာ။
"အင်း~"
အသံထွက်လာတာမို့ ထယ်ယောင်းယောင်ယမ်းကာမျက်လုံးကိုမှိတ်ချလိုက်သည်။မကြာပါ သူ့နဖူးပေါ်က ဆံပင်လေးတွေကို ဖွဖွလေးသပ်တင်ပေးသလိုခံစားနေရတာကြောင့် ထိုအတိုင်းလေးငြိမ်နေမိလိုက်သည်။
"နိုးနေတာ ကိုကိုသိတာပေါ့...။အငယ်လေး~"
ကိုကိုကသူ့ကိုခေါ်ပြီး မျက်နှာကိုလေနဲ့ခပ်ဖွဖွလေးမှုတ်လိုက်တာကြောင့် ထယ်ယောင်းဖျတ်ခနဲခေါင်းငုံ့ချလိုက်ပြီး လက်နဲ့အုပ်ထားလိုက်သည်။ညကအခြေအနေတွေက ချစ်သူရည်းစား၊အိမ်ထောင်သည်တွေပြုလုပ်တဲ့ အပြုအမူတွေမှန်းသူသိတာပေါ့။
"အငယ်လေးလို့~ ကိုကိုတို့ကရည်းစားတွေဖြစ်သွားကြပြီပဲ အဲ့လိုမျက်နှာလေးကိုအုပ်မထားပါနဲ့ကွာ။ကိုကို့ကို ကြည့်ပါဦး။"
"သား...သားရှက်တယ် ကိုကို"
"ဟက်...ကိုကို မင်းကိုသိပ်အသည်းယားတယ် အငယ်လေးရယ်။"
ထယ်ယောင်းကိုယ်လုံးလေးကို အတင်းဖက်လိုက်ပြီး ရင်ဘတ်ထဲကိုပိုပြီးဆွဲသွင်းလိုက်သည့်ဂျောင်ဂု။ထယ်ယောင်းကတော့ နီရဲနေတဲ့မျက်နှာလေးနဲ့ တွန်းထိုးရုန်းကန်လို့နေသည်။ထယ်ယောင်းရဲ့ လည်ပင်းလေးတွေကိုဂျောင်ဂု ခပ်ဖွဖွလေးစုပ်ယူနမ်းရှိုက်လိုက်တော့ ထယ်ယောင်းထံမှ မနေတတ်စွာအသံလေးတွေထွက်လာသည်။
"ဟင့်...ကို ကိုကို"
"အွန်း...ပြွတ်စ်!"
လည်ပင်းသားလေးတွေကိုစုပ်ယူပြီးတော့ မျက်လုံးလေးတွေကို သူစိုက်ကြည့်လိုက်တော့ သူ့ကိုရယ်ပြလာသည့် အပြုံးလှလှလေးရယ်။
အပြစ်ကင်းတဲ့ကလေးငယ်အပေါ် သူအရောင်တွေဆိုးဖြစ်အောင်ဆိုးလိုက်တာပဲ။"ကိုကိုပြောပြမယ် အငယ်လေး။ဒီကိစ္စက မာမီသိသွားလို့မဖြစ်ဘူးနော်။မာမီသိသွားရင် ကိုကိုတို့နှစ်ယောက်စလုံးဒုက္ခရောက်မှာကိုသိတယ်မလား။ကိုကိုပြောတာက ကိုကိုတို့မာမီ့အရှေ့ရောက်ရင် အရင်လိုပဲနေကြမယ်လေ။အင်း...မာမီ့ကွယ်ရာရောက်ရင်တော့...ကိုကို့ကို အခုလိုလေးနေခွင့်ပေးပါနော်။"