"အငယ်လေး ကိုကို့ကို စိတ်ကောက်နေတာလား။"
အိမ်ပြန်လမ်းမှာ ထယ်ယောင်းခေါင်းငုံ့ကာအသံတိတ်နေတာကြောင့် ဂျောင်ဂုစကားပြောလိုက်တော့ ထယ်ယောင်းကကားတစ်ဖက်ကိုပိုပြီးကပ်သွားသည်။
"အငယ်လေး...မနက်ကတည်းက ကိုကို့ကိုစကားကောင်းကောင်းမပြောဘူးလို့ ကိုကိုခံစားရတယ်။ဘာဖြစ်လို့လဲ ကိုကိုနဲ့ပတ်သက်ရတာမကြိုက်တာလား အငယ်လေး။"
ထယ်ယောင်း ကားရှေ့ခန်းကကားမောင်းသူကိုကြည့်လိုက်ပြီး ခေါင်းလေးအသာခါပြလိုက်သည်။အသံတိုးတိုးလေးဖြင့်...
"မဟုတ်ပါဘူး သားဒီနေ့သိပ်ပြီးနေမကောင်းသလိုဖြစ်နေလို့ပါ။ကိုကို့ကြောင့်မဟုတ်ပါဘူး~"
"သေချာလို့လား...အာ မဟုတ်မှ မာမီကYoonJiလေးအကြောင်းပြောလိုက်လို့တော့မဟုတ်ပါဘူးနော်။အဟင်း~ ကိုကို့ကို သဝန်တိုနေတာလား အငယ်လေး"
"သားမှသူ့ကိုမသိတာ။ပြီးတော့ သူ့ကိုသဝန်တိုရအောင် သားကအဲ့လောက်ထိ ကိုကို့အပေါ်ကိုအခွင့်အရေးရှိလို့လား။"
"ဒါပေါ့ သိပ်ရှိတာပေါ့။အငယ်လေးက ကိုကို့ရည်းစားဖြစ်နေပြီလေကွာ~။သဝန်တိုပိုင်ခွင့်ရာနှုန်းပြည့်ရှိတာပေါ့။ပြီးတော့ ကိုကိုကလည်း အငယ်လေးအပေါ်ကိုသဝန်တိုပိုင်ခွင့်ရော၊ချုပ်ချယ်ခွင့် အပြည့်အဝရှိတယ်လေ။"
သူ့လက်ကလေးကိုဆွဲကိုင်ပြီး အသံတိုးတိုးလေးနဲ့ပြောနေတဲ့ ကိုကိုကသူ့ကိုရှက်သွေးဖြာစေသည်။ကိုကိုက သူ့စိတ်တွေကိုနားလည်နေတာပဲ။
ထယ်ယောင်းမရဲတရဲလေး မော့ကြည့်လိုက်တော့ ဂျောင်ဂုရဲ့ပြုံးယောင်သန်းနေတဲ့နှုတ်ခမ်းပါးလေးကြောင့် ချက်ချင်းခေါင်းငုံ့ချလိုက်သည်။"ရှက်နေတာလား ကိုကို့အချစ်ကလေး...hmm~"
"သူ...သူများတွေ ကြား ကုန် လိမ့် မယ်လေ။"
"ဟုတ်ပါပြီ ဟုတ်ပါပြီ။နောက်ဆို ကိုကိုဆင်ခြင်ပါ့မယ်။ဒါနဲ့ အိမ်ရောက်ရင်တော့ နမ်းကြမယ်နော်။"
"....."
ထယ်ယောင်းရှက်လွန်းလို့ အငွေ့အဖြစ်ပြောင်းလဲလိုက်ချင်နေပြီဖြစ်သည်။ဂျောင်ဂုကတော့ သဘောတကျ ရယ်လိုက်ပြီး ကားနောက်မှီကိုမှီကာ ထယ်ယောင်းကိုခေါင်းလေးစောင်းငဲ့ကြည့်နေသည်။