ဂျောင်ဂုအခန်းထဲတွင် Mrs.Jeon ကပါရောက်နေပြီးကုတင်ပေါ်တွင်ထိုင်နေပြီး ဖုန်းဆော့နေသောဂျောင်ဂုကို စကားတွေတတွင်တွင်ပြောနေသည်။ကျောင်းပြီးသွားတော့ ဖုန်းသုံးခွင့်permitရသွားတာကြောင့် ပေါ်ပေါ်ထင်ထင်သုံးနိုင်နေပြီဖြစ်သည်။
"ဂုဂီ မာမီပြောတာတွေရောနားဝင်ရဲ့လား!"
Game ကိုသည်းကြီးမည်းကြီးဆော့နေသော သားတော်မောင်ကိုသူမတစ်ချက်လှမ်းထုလိုက်သည်။ဒါတောင် ဒင်းကမထုံတတ်တေးလုပ်နေသေးတာ။အရာရာကို ပေါ့ပျက်ပျက်အလွယ်လေးတွေးတတ်တဲ့ ဂျောင်ဂုကိုသူမ ရင်လေးမိပါသည်။
"ထယ်ယောင်းနဲ့က ရည်းစားတွေဖြစ်နေကြတဲ့အဆင့်အထိရောက်နေကြပြီလားလို့ ကောင်စုတ်လေးရဲ့!"
"မာမီကလည်း..."
လေသံကိုနားထောင်လိုက်ကတည်းက သူမသိပြီးနေပြီဖြစ်သည်။ဒီလောက်ထိအတန်တန်မှာထားရက်သားနဲ့ကိုရည်းစားတွေဖြစ်,ဖြစ်အောင် ဖြစ်လိုက်သေးတဲ့ဂျွန်ဂျောင်ဂုကို သူမတစ်စစီလုပ်ပစ်လိုက်ချင်တော့သည်။
ဟိုကောင်စုတ်လေးကလည်း ဒီလောက်ထိမှာထားတာကို သူမ,မသိအောင်ရှေ့ဆက်တိုးရဲတယ်ဆိုကတည်းက ပေါ့သေးသေးအကြောတော့မဟုတ်ဘူး။"မာမီကလည်းလုပ်မနေနဲ့ မင်းမရှက်ဘူးလား။ယောက်ျားအချင်းချင်းကြိုက်နေတာကို။"
"ရှက်ရအောင် ကျွန်တော်တို့က ဘာလုပ်နေလို့လဲမာမီရာ~ ကျစ်! ရှုံးပြန်ပြီဒီစောက်Gameကလည်းကွာ...မဆော့တော့ဘူး။"
"ဒီမှာ ဂျွန်ဂျောင်ဂု ငါကမင်းကိုမွေးထားတဲ့အမေနော်။ငါကောင်းစေချင်လို့ပြောတာကို နာခံရမှာမင်းအလုပ်။လက်နဲ့ရေးကို ခြေနဲ့ဖျက်ဖို့အခုကတည်းကကြိုတွေးနေတယ်ဆိုရင်တော့ မင်းကိုငါအိမ်ထောင်ချပေးတော့မှာ။"
"မာမီ!"
"ဘာလဲ!!"
ဂျောင်ဂုပြန်အော်သလိုမျိုးဖြစ်သွားပေမယ့်လည်း အသံကိုပြန်ထိန်းကာ...
"မာမီရာ...ကျွန်တော့်အသက်20တောင်မပြည့်သေးဘူးနော်။အခုမှ ပညာသင်တဲ့အရွယ်ပဲရှိသေးတာကို ဘာကိစ္စအိမ်ထောင်ပြုဖို့လုပ်ရမှာလဲ။"