chapter-17

2.5K 191 37
                                    

ထယ်ယောင်းနဲ့ ကတောက်ကဆဖြစ်ပြီးကတည်းက ဂျောင်ဂုထယ်ယောင်းကိုမြင်လျှက်ပင် မမြင်ယောင်ဆောင်လို့နေသည်။
သင်တန်းတက်နေပြီ ဖြစ်တာကြောင့်YoonJiနဲ့အသွားအလာမပြတ်။သို့ပေမယ့်လည်း အရင်ကထက်ပိုကပ်လာသည်ဟုထင်ရတဲ့YoonJiကြောင့် အနည်းငယ်တော့စိတ်ကျဥ်းကြပ်ဖြစ်ရသည်။အရင်ကဆို ရည်းစားတွေမဟုတ်ခင်ကတည်းက အမြဲတွဲသွားတွဲလာဖြစ်နေတဲ့ အငယ်လေးကိုတော့ သူမေ့မရသလိုပင်။

"ဟွန့်...အကိုဂျောင်ဂု သင်တန်းစတက်ရကတည်းကစိတ်မပါသလိုကြီးဖြစ်နေတယ်နော်။"

"အင်း...အကိုဒီသင်တန်းကိုစိတ်မပါဘူးYoonJiလေး။အကိုမာမီ့အလုပ်တွေကိုလည်းလက်ခွဲမလုပ်ချင်ဘူး။"

"ဘာဖြစ်လို့လဲ။မဟုတ်မှ Yoonနဲ့အတူတူသင်တန်းမတက်ချင်လို့လား။"

ညနေသင်တန်းဆင်းချိန်မို့လို့သူ YoonJiလေးနဲ့အတူတူအိမ်ပြန်နေခြင်းဖြစ်သည်။YoonJiနေရာမှာ အငယ်လေးဆိုရင်သူပိုပြီးဝမ်းသာမိမယ်ထင်တယ်။ပြီးတော့ ဒီရက်ပိုင်းသူ့ကိုတွေ့တိုင်းမျက်နှာငယ်လေးနဲ့ကြည့်တတ်တဲ့ အငယ်လေးကိုချော့ချင်ပေမယ့်လည်း သူ့သူငယ်ချင်းနှစ်ယောက်ကမချော့ရန်ပြောထားသောကြောင့် သူ့မှာမြိုသိပ်ထားရသည်။
မာမီကတော့ သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်စကားမပြောတာကိုပိုပြီးသဘောကျနေသည် ထင်သည်။

"အာ...ဒါနဲ့အကိုဂျောင်ဂုမှာရည်း...ရည်းစားရှိလား။"

"ရည်းစား?"

သူ့အဖြေကိုရှက်ကိုးရှက်ကန်းဖြစ်ကာ နားထောင်နေပုံရတဲ့YoonJiလေးကြောင့် ဂျောင်ဂုသက်ပြင်းချမိလိုက်သည်။ရေလာမြောင်းပေးအပြုအမူတွေ၊စကားအသွားအလာတွေကိုသူကောင်းကောင်းရိပ်မိတာကြောင့်

"ရှိတယ်လေ။"

ဂျောင်ဂုရဲ့အဖြေစကားကြောင့် YoonJi ကိုယ့်အောက်နှုတ်ခမ်းကိုယ်ကိုက်ခဲကာ နှုတ်ခမ်းကိုမဲ့ရွဲ့လိုက်သည်။
ထင်သားပဲ အကိုဂျောင်ဂုမှာရည်းစားရှိမယ်ဆိုတာ။အရင်ကထက်သူ့ကိုရှောင်နေကတည်း သိပြီးသားဖြစ်သည်။သေချာထပ်မေးကြည့်ခြင်းဖြစ်သည်။

"အကိုဂျောင်ဂုထက်အသက်ကြီးတာလား၊ငယ်တာလား။"

"အကို့ထက်ငယ်တာမှ YoonJiလေးထက်တောင်ငယ်သေးတယ်။"

Back To Me [completed]Donde viven las historias. Descúbrelo ahora