မနေ့ညကသူ့လုပ်ရပ်ကြောင့် မနက်ကျတော့ အငယ်လေးကတော်တော်နဲ့အခန်းထဲကထွက်မလာ။သူစောင့်နေတာတောင် တော်တော်နဲ့ထွက်မလာတာကြောင့် မနက်စာစားရင်း ထိုင်ရမလို၊ထရမလိုဖြစ်နေသည်။
"အန်တီကြီး အငယ်လေးမနိုးသေးဘူးလား။"
"မနက်က အန်တီကြီးကိုပြောတာတော့ ကျောင်းကိုခွင့်တိုင်ထားတယ်တဲ့။နေမကောင်းလို့လားလို့မေးတော့လည်း ဘာမှမပြောဘူး ရေခရားလေးကိုရေထည့်ပြီး ပြန်တက်သွားတာပဲ။"
"မနက်စာရောစားသွားရဲ့လား အန်တီကြီး။"
"နေမကောင်းဘူးထင်ပါတယ် သားရယ်။အနွေးထည်ကြီးဝတ်ထားပြီး မျက်လုံးလေးတွေကလည်းဖောင်းအစ်နေတာပဲ။သနားပါတယ် အန်တီကြီးနေ့လည်ကျမှဆန်ပြုတ်လေးပြင်ပေးမလားလို့တွေးနေတာ"
"အာ...ဟုတ် ကျွန်တော်သွားကြည့်လိုက်ဦးမယ်။"
uniform coat အင်္ကျီကိုကျောပိုးအိတ်လေးပေါ်ခဏတင်ထားလိုက်ပြီး ထယ်ယောင်းရဲ့အခန်းကိုလျှောက်လာသည့်ဂျောင်ဂု။
အငယ်လေးရဲ့အခန်းဆိုတာ သူ့ခြေသူ့လက်သူစိတ်တိုင်းဝင်ချင်တိုင်းဝင်၊ထွက်ချင်တိုင်းထွက်တဲ့နေရာတစ်ခု။တံခါးကိုခေါက်လိုက်တော့ လာဖွင့်ပေးသည်။
"အငယ်လေး ကျောင်းသွားဖို့မလုပ်တော့ဘူးလား။"
"သားမလိုက်တော့ဘူးကိုကို။ ကိုကို့ဘာသာကိုကိုတစ်ယောက်တည်းသွားလိုက်တော့နော်။"
လည်ပင်းပိတ်အနွေးထည်ဝတ်ထားပေမယ့် ဖူးယောင်နေတဲ့နှုတ်ခမ်းလေးကိုကြည့်ခြင်းဖြင့် သူလက်လွန်သွားမှန်းဂျောင်ဂုသိလိုက်သည်။
တံခါးကိုပြန်ဆွဲပိတ်တော့မှာမို့ ဆွဲထားတော့ သူ့ကိုမော့ကြည့်တဲ့မျက်နှာလေးက ညိုးနွမ်းနေသည်။"ကိုကိုပြန်လာရင် အငယ်လေးကြိုက်တဲ့ စတော်ဘယ်ရီဝယ်လာပေးမယ်လေ။ပြီးတော့ ကိုကို့ကို ခွင့်လွှတ်ပါနော်...ကိုကိုမနေ့ညက"
"သားအိပ်ချင်နေလို့ ကိုကိုရောကျောင်းမသွားသေးဘူးလား။သွားတော့လေ နောက်ကျနေလိမ့်မယ်။"
"ကိုကိုတောင်းပန်ပါ..."
စကားတောင်မဆုံးသေးခင်သူ့လက်ကိုဆွဲဖြုတ်ပြီး တံခါးဆွဲပိတ်သွားသည့်ကောင်လေးကြောင့် သူ့ကိုတော်တော်စိတ်ဆိုးနေမှန်းသိလိုက်သည်။ဘာဖြစ်ဖြစ် ညနေကျရင်သူလေးစိတ်တိုင်းကျတောင်းပန်လိုက်ရင် ပြီးသွားမှာဘဲလေ။အငယ်လေးက ဘယ်သူ့ကိုပြန်တိုင်နိုင်မှာမို့လို့လဲ။