chapter-4

3.2K 235 27
                                    

ဟိုကိုရောက်တော့ အငယ်လေးကငိုလည်းငိုမငိုဘဲ ငူငူငိုင်ငိုင်ကြီးသာရပ်ပြီးကြည့်နေသည်။မာမီကတော့ စီစဥ်စရာရှိတာတွေကို အလုပ်သမားတွေကိုမှာနေသည်။

"အငယ်လေး~"

"သားမှာ ဖေဖေရော၊မေမေရော မရှိတော့ဘူးကိုကို။သားတစ်ယောက်တည်းပဲ ရှိတော့တယ်။"

"မဟုတ်တာ အငယ်လေးဆီမှာကိုကိုရော၊မာမီရော ရှိပါသေးတယ်။အဲ့လိုကြီး တင်းမထားပါနဲ့အငယ်လေးရယ် ငိုချင်ရင်ငိုချလိုက်နော်။ကိုကိုရှိတယ်။"

ထိုသို့ပြောလိုက်တော့ သူ့ဘက်ကိုလှည့်ကြည့်လာပြီး မျက်ရည်လေးတွေစီးကျလာသည်။တစ်နေရာမှာထိုင်ရန် သူခေါ်လာတော့ အသာတကြည်လိုက်လာသည်။မာမီတို့က Hotel မှာတည်းတာမို့လို့ သူတို့နှစ်ယောက်ကိုတစ်ခန်းစီစဥ်ပေးထားသည်။အခန်းထဲကိုခေါ်လာတော့ အနောက်ကနေ ကုတ်ကုတ်လေးလိုက်လာသည်။ရေလေးတစ်ခွက်ထည့်ပေးပြီး ကုတင်ပေါ်မှာထိုင်စေတော့ သူ့ကိုမော့မကြည့်ဘဲ အသက်မဲ့နေသူလို ဘာမှပြန်မပြော။

"အငယ်လေးရာ...ငိုချင်ရင်ငိုချလိုက်ပါကွာ။အဲ့လိုကြီးနေတာက အငယ်လေးပိုပင်ပန်းတာပေါ့။"

"သားမှာလေ ဖေဖေရော၊မေမေရော မရှိတော့ဘူး။"

အဲ့စကားကိုသာထပ်တလဲလဲပြောနေပြီး နှုတ်ခမ်းလေးတွေကတစ်ဆတ်ဆတ်တုန်နေသည်။လက်ကလေးတွေကို ဆုပ်ကိုင်ကာ အားပေးစကားပြောလို့မနှစ်သိမ့်နိုင်ဘူးဆိုတာသူသိပေမယ့် ခံစားချက်တွေလျော့ပါးအောင်သူအားပေးနေမိသည်။
1 ပတ်လောက်ပြီးတော့ ဈာပနပြီးသွားတော့ သူတို့နှစ်ယောက်ကို မာမီက korea ကိုအရင်ပြန်စေသည်။မာမီကတော့ အလုပ်ကိစ္စတွေရှိသေးတာကြောင့် နေခဲ့မည်ဟုဆိုသည်။အငယ်လေးကတော့ အရင်ကလောက်စကားတွေမပြောတော့ပေမယ့် ငြိမ်ကျသွားတာတော့မဟုတ်။

"ဟိုကိုပြန်ရောက်ရင် မာမီ့ကိုဖုန်းဆက်ဦးနော် ဂုဂီ။ကျောင်း​ကိုလည်းမှန်အောင်တက်ကြ။အငယ်လေး ဟိုရောက်ရင်ဘာမှတွေးမနေနဲ့တော့နော်။ငါတို့အငယ်လေးကအများကြီးသန်မာတာ မေမေလေးသိတာပေါ့။တစ်ခုခုလိုချင်တာရှိရင် ကိုကို့ကိုပြောလိုက်နော်။မေမေလေး ဒီကအလုပ်တွေပြီးသွားမှပြန်ခဲ့မယ်။ဂုဂီ အငယ်လေးလိုချင်တာရှိရင် ဝယ်ပေးလိုက်နော်။မာမီနောက်လထဲမှပြန်လာလို့ရမယ်။"

Back To Me [completed]Where stories live. Discover now