ထယ်ယောင်း အကိုဆော့ဂျင်နဲ့ဖုန်းပြောပြီးအဖြစ်အပျက်တွေကိုပြောလိုက်တော့ခါမှ မေမေလေးကသူ့ကိုစကားပင်မပြောတော့ပါ။မျက်နှာချင်းဆိုင်တွေ့ခဲ့ရင်တောင် ရယ်မပြဘဲမျက်နှာလွှဲသွားတာကြောင့် စိတ်တော့မကောင်းဖြစ်ရသည်။
တဖြည်းဖြည်းနဲ့ ဝေးကွာလာသမျိုးဖြစ်နေတော့ စိတ်မကောင်းဖြစ်ရုံသာတတ်နိုင်သည်။ဖေဖေနဲ့မေမေမရှိတော့တာတောင် အနည်းဆုံးတော့ အရင်လိုမျိုးလေး မေမေလေးရယ်၊ကိုကိုရယ်နေချင်ပေမယ့် တဖြည်းဖြည်းနဲ့ပြောင်းလဲလာကြပြီပဲ။"သားလေ...သား တစ်ယောက်တည်းလည်းနေနိုင်နေပြီထင်တယ် ဖေဖေ~"
ကောင်းကင်ကြီးကိုကြည့်ကာ ထယ်ယောင်းတစ်ယောက်တည်းရေရွတ်နေမိသည်။
~~~~~
ဂျောင်ဂု မာမီလေ့လာခိုင်းထားတဲ့အကြောင်းအရာတွေကိုလေ့လာနေတာနဲ့သင်တန်းချိန်နဲ့အချိန်တွေသာကုန်နေရသည်။အငယ်လေးနဲ့က အရင်လိုစကားတောင်မပြောကြတော့ မာမီကတော့တော်တယ်ဟုသာ တဖွဖွလာပြောတတ်သည်။တစ်ကယ်တော့ သူအငယ်လေးကိုလမ်းမှမခွဲပေးသေးတာ။စိတ်ဆိုးစိတ်ကောက်သဘောမျိုးပဲနေမှာပါ။အချိန်တန်ရင် အငယ်လေးကသူ့ကိုစိတ်ဆိုးပြေမှာပါ။
"တစ်အိမ်ထဲနေရင်း ကိုကို မင်းကိုသတိရနေတာလားမသိဘူးကွာ...ကျစ်!"
laptop နဲ့စာရင်းလုပ်ပြီးသား file လေးတွေကိုပြန်လေ့လာရင်း စိတ်မပါတော့။ဂျောင်ဂုတရားဝင်ခွင့်ပြုချက် permit ရထားတဲ့ beer သောက်ခွင့်လေးတော့ရှိတာကြောင့်အောက်ထပ်ကို ဆင်းပြီးနည်းနည်းပါးပါးသောက်ရန် ထွက်လာခဲ့သည်။
အောက်ထပ်က အငယ်လေးနေတဲ့အခန်းလေးကိုကြည့်မိပြန်တော့ ခြေထောက်တွေကအလိုလိုရောက်သွားပြန်သည်။အငယ်လေးက တစ်ကယ်ပဲနေနိုင်သွားပြီပဲ။ဘာတွေကများ ပြောင်းလဲသွားရတာလဲ။"ကိုကို မင်းကိုချစ်လာအောင်ကြိုးစားကြည့်ရမလား အငယ်လေး~ hmm...။ဒါပေမယ့် ကိုကိုမင်းကို လက်လွှတ်ပေးမှာတော့မဟုတ်ဘူးနော် အငယ်လေး..."
အညိုရောင်တံခါးလေးကို ခပ်ဖွဖွထိတွေ့ရင်း ခပ်တိုးတိုးလေးပြောမိသည့် ဂျောင်ဂု။