မျက်ရည်လေးနည်းနည်းလေးတောင်မကျတော့တဲ့ အငယ်လေးကသူ့ကိုလည်းမကြည့်ဘဲ တစ်ခြားကိုမျက်နှာလွှဲထားသည်။မတွေ့ရတဲ့အချိန်လေးအတွင်းမှာအဲ့လောက်တောင်ဖြစ်သွားတာလား။
"အငယ်လေးကွာ...ကိုကို့ကိုဘာလို့အဲ့လိုမျိုးလုပ်နေရတာလဲ"
"သားက ဘာလုပ်နေလို့လဲကိုကို"
#ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံကြောင့် ဂျောင်ဂုခေါင်းကိုထယ်ယောင်းရဲ့လည်ပင်းနားကပ်ထားလျှက်ပင်ငြိမ်ကာနားစွင့်လိုက်သည်။
ကျစ်...မာမီကတော့ကွာ။"တံခါးခေါက်နေတယ်ကိုကို။မေမေလေးထင်တယ်...သားသွားဖွင့်ပေးမှရမယ် ဖယ်!"
"ဒီနေ့တော့ ကိုကိုမင်းနဲ့စာရင်းအပြတ်ရှင်းမှရမယ်နော်။မာမီ့ကို အပြင်မှာဘဲပြောလိုက်။"
အခုအချိန်ထိ သူ့သဘောသူ့ဆန္ဒလုပ်ချင်နေသောကိုကိုကြောင့် ထယ်ယောင်းသက်ပြင်းချကာမျက်နှာကို ဆက်ပြီးထိန်းထားခဲ့သည်။သူတစ်ယောက်တည်းဆိုရင်တော့ ငိုနေတာနဲ့အချိန်တစ်ချို့ကကုန်နေရသည်။
ထယ်ယောင်းတံခါးဖွင့်ပေးလိုက်တော့ မေမေလေးမဟုတ်ဘဲ အန်တီကြီးဖြစ်နေတာကြောင့် တော်သေးသည်ဟုသာ စိတ်ထဲမှာပြောမိသည်။"ထယ်ယောင်းလေးအခန်းထဲကအသံကြားမိလို့ ဘာများဖြစ်သလဲဆိုတာ အန်တီကြီးလာကြည့်တာ..."
"ဘာမှမဖြစ်ပါဘူးအန်တီကြီးရဲ့။ရေခွက်...ဟုတ်တယ် ရေခွက်ကျကွဲသွားတာ။"
"ဟုတ်လား...အန်တီကြီးရှင်းပေးမယ်လေ။တော်ကြာ လက်တွေဘာတွေထိနေဦးမယ်။"
သူနဲ့အန်တီကြီးစကားပြောနေတုန်း...
"မာမီလား?"
အခန်းထဲကနေထွက်လာတဲ့ကိုကိုက တီရှပ်အင်္ကျီကိုဘယ်အချိန်တည်းကချွတ်လိုက်မှန်းမသိ။အဝတ်မဲ့နေသော အပေါ်ပိုင်းကြောင့် ထယ်ယောင်းမြန်မြန်ပင်မျက်နှာလွှဲလိုက်မိသည်။ကိိုကိုဘာဖြစ်ချင်နေတာလဲ။
"သားဂျောင်ဂုလည်းရောက်နေတာကိုး။ကဲ ကဲ...အန်တီကြီးဝင်ရှင်းပေးမယ်လေ။"
"အာ...ရပါတယ် အန်တီကြီးရဲ့။"
ထယ်ယောင်းရဲ့လက်ကိုအနောက်ကနေလှမ်းဆွဲထားတဲ့ဂျောင်ဂုကြောင့် ထယ်ယောင်းလန့်သွားရသည်။သူတို့ရဲ့အခြေအနေမေမေလေးကလွဲလို့ တစ်ခြားသူတွေသိသွားရင် အပြောအဆိုကဲ့ရဲ့ခံရမယ့်ဖြစ်ရပ်ရယ်။