ထယ်ယောင်း ကိုကို့ကိုပြုံးပြပြီး အောက်ထပ်ကိုဆင်းလာတော့ မေမေလေးကိုတွေ့သည်။စားပွဲပေါ်ကအထုတ်တွေကိုကြည့်နေသော မေမေလေးကြောင့် ထယ်ယောင်းအမြန်လှေကားပေါ်ကဆင်းလာခဲ့လိုက်သည်။ကိုကိုက သူ့အနောက်ကနေလျှောက်လာသည်။
"မေမေလေး!"
"ရှင်~"
ထယ်ယောင်းပြေးသွားကာ ဖက်လိုက်တော့ မေမေလေးကပြန်ပြီးပွေ့ဖက်လာသည်။Osaka ကနေသူတို့ပြန်ရောက်ပြီးသုံးရက်လောက်ကြာမှပြန်ရောက်လာခြင်းဖြစ်သည်။
"နေမကောင်းဘူးလား အငယ်လေး~"
"ကောင်းပါတယ် မေမေလေးရဲ့။သား လည်ချောင်းနာနေလို့။"
"အင်းပါ...ဂုဂီကျောင်းအင်္ကျီကိုအခုထိမလဲရသေးဘူးလား။အချိန်ကိုကြည့် မာမီဘာပြောထားသလဲ!ကျောင်းရော မှန်အောင်တက်ရဲ့လား။"
ကိုကို့ကိုဆူသလိုပြောနေတာကြောင့် ထယ်ယောင်းမေမေလေးရင်ခွင်ထဲကနေကိုကို့ကိုကြည့်တော့ ကိုကိုကသူ့ကိုစိုက်ကြည့်ကာနှုတ်ခမ်းကိုလျှာနဲ့သပ်ပြလိုက်တာမို့ ထယ်ယောင်းအကြည့်လွှဲလိုက်သည်။ပြီးတော့ တစ်ခုခုကိုစိုးရိမ်နေသလိုဖြစ်နေတာ။
"တက်ပါတယ်။ကျွန်တော်အိပ်ပျော်သွားလို့ပါ မာမီ။"
"မေမေလေး...သားပြောစရာရှိတယ်။"
ထယ်ယောင်း မေမေလေးရင်ခွင်ထဲကနေထွက်လိုက်ပြီး စကားပြောရန်ပြင်လိုက်တော့ ကိုကိုကကြားဖြတ်ဝင်ပြောသည်။
"အာ...မာမီနားချင်ရင် နားတော့လေ ခရီးပန်းလာတာမလား။အငယ်လေးကလည်း မာမီနားပါစေ။"
ဂျောင်ဂုရဲ့ရှောင်လွှဲချက်ကို Mrs.Jeon ကမျက်လုံးကိုထောင့်ကပ်ပြီးကြည့်ကာ နှုတ်ခမ်းမဲ့ပြသည်။
"မာမီဆူပြီဆိုတာနဲ့ အတင်းကိုနားခိုင်းတော့တာပဲ။ကဲပါ ငါ့သားနှစ်ယောက်အတွက် Yohkan(bean Jelly) တွေမာမီဝယ်လာတယ်။စားလိုက်ကြဦး။ညစာမစားရသေးဘူးမလား မာမီ အန်တီကြီးကိုပြင်ခိုင်းလိုက်မယ်။ညီအကိုနှစ်ယောက် မုန့်စားနှင့်ကြ။"
မေမေလေးထသွားတော့ ထယ်ယောင်းမုန့်စားမလို့ပြင်ပေမယ့် ကိုကိုကသူ့လက်ကိုဆွဲကာ အိမ်အနောက်ဖက်ကိုဆွဲခေါ်သွားသည်။ပစ္စည်းအဟောင်းတွေထားတဲ့ အခန်းအရှေ့ကအနည်းငယ်မှောင်နေတာကြောင့် ကိုကိုကအဲ့နေရာကိုခေါ်လာတာ။