intro 🔥🔺

158K 2.7K 106
                                    

"သက်မင်းပိုင်!!!"

ခေါ်ခံရတဲ့ကောင်လေးခင်မျာဆတ်ခနဲတုန်သွား၏။

"ဗျာ..ဗျာကိုကို!!"

တုန်ယင်နေတဲ့ကောင်လေးကိုကြည့်ကာ ဓန အေးစက်စွာတစ်ချက်ပြုံးလိုက်သည်။

"မင်းကိုငါအနားလာခဲ့လို့ခေါ်နေတာ မင်းမှာနားမပါဘူးလား!!"

"ဟင့်အင့်....မလုပ်ပါနဲ့ကိုကိုရယ်သားတောင်းပန်ပါတယ်။ဟိုလေသားနောက်တစ်ခါသူတို့တွေနဲ့မရောတော့ပါဘူးနော်"

"သောက်စကားများလိုက်တာ
သက်မင်းပိုင် ....ရာ ငါပြောတဲ့အတိုင်းလုပ်စမ်းပါမင်းအခုငါကိုအာခံနေတာလား "

"မဟုတ်..မဟုတ်ပါဘူး"

သက်ပိုင် ကိုကိုစိတ်ဆိုးဒေါသထွက်ရင် သိပ်ကြောက်သည်။ ဟိုအရင်ထဲကကိုကိုဒေါသဖြစ်ရင်ဘယ်သူမှတားမရသလိုဘယ်သူမှ၀င်မပြောရဲကျ။ အခုလဲ ကိုယ်အပြစ်နဲ့ကိုယ်မို့ မော်မကြည့်ရဲ။ ကိုကိုက သူဘဝရဲ့အုပ်ထိန်းသူမို့ သူပို၍ကြောက်ရပါသည်။

ကုတင်အနားတို့ ဖြည်းဖြည်းချင်းသာ ကပ်သွားတော့ ကိုကို ကသူ့ကိုကြည့်၍ခနဲ့စွာပြုံးနေသည်။ ဒီအခြေနေကိုမုန်းတီးပေ့မယ့် ဘာမှမတတ်နိုင် သူဘဝက အရာရာကိုမလွန်ဆန်နိုင်ခဲ့ဘဲကို။

"ဟွန်း!"

'မင်းကငါ့အပိုင် မင်းကိုငါတစ်ယောက်ထဲပိုင်တာမို့ မင်းဘ၀တစ်သက်လုံးငါရဲ့အငြိုးတွေအောက်မှာ ငါအမုန်းတရားတွေအောက်မှာအော်ညည်းနေဖို့သာပြင်ထား... မင်းဘ၀ရဲ့နေ့ရက်တိုင်းကိုငါအဆုံးထိစုတ်ဖြဲပစ်မယ်'

"ငါအပေါ်မှာလာထိုင်!"

ဓန တည်ငြိမ်ပြတ်သားစွာဆိုတော့ သက်ပိုင် ခြေလှမ်းများနောက်သို့နှစ်လှမ်းမျှဆုတ်သွားမိသည်။

"ဗျာ.."

သက်ပိုင် တုန်လှုပ်သွားမိသည်။
ကိုကို အားကြည့်လိုက်တော့ သူကိုစူးရဲစွာစိုက်ကြည့်နေသည်။

ကိုကိုက သန့်သည်။ ခန္ဓာကိုယ်ကတောင်းတင်းခိုင်မာပြီး ကြွက်သားတွေအပြည့်နဲ့ ခန့်ညားပြီးသူနဲ့ ဘာမှမဆိုင်။ ညိုရင့်သော အသားရည်ကကိုကိုရဲ့ယောကျာ်း ပီသမူ့ကိုအစွမ်းကုန်ပံ့ပိုးထားသည်။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now