warning sexual! ပိုင်း များ မနှစ်သက်သူများ ကျော်ဖတ်လို့ ရပါတယ်ရှင့်!!!!>>>>>>>>>>>>
တေဇ နာရီလှမ်းကြည့်တော့ တစ်ချက် ကျော်နေပြီ မို့ ဓန ကိုချော့မော့ကာ အိမ်ပြန်ပို့ ဖို့သူလုပ်ရတော့သည်။ ခေါင်းပင်မထောင်နဲ့
တဲ့ ကောင်ကိုကြည့်ပြီး နဲနဲတော့ စိတ်ညစ်သွားမိသည်။"ဓန ပြန်ရအောင် ညနက်နေပြီ "
"ဝေါ့ အော့ !!"
တေဇ ဆွဲထူတော့ ဓန ထိုးအန်တော့သည်။
"ဟာ ... ရရဲ့လား ဟျောင့် "
"ရတယ် တေဇ ရတယ် ငါ နည်းနည်းများသွားလို့ အန်လိုက်ရင် သက်သာ သွားမှာ "
"အိမ်အရင်ပြန်ရအောင် ငါကားကို
ထား ခဲ့လိုက်မယ်။ မင်းအိမ်ကိုအရင်လိုက်ပို့ပြီး မနက်မှ ငါပြန်လာကြိုမယ် ""နေပါစေ ငါမောင်းနိုင်တယ်။ အန်လိုက်လို့ နည်းနည်းလဲ သက်သာသွားပါပြီ အေးဆေးပါ "
" အိမ်ရောက်ရင်လဲကလေးကိုချော့မော့ပြီး သေချာပြောပြပါကွာ။ အစွန်းမရောက်နဲ့ဓန ကိုယ်ပြုသမျှ ကိုယ်ပဲခံရတာ ဘာမဟုတ်တဲ့ အငြိုးတွေကြားကရအောင်ရူန်းထွက်ပါတော့ကွာ "
"အေးပါ....တေဇရာ ငါကြိုးစားပါမယ် "
တေဇ အိမ်ကို သေချာပြန်ဖို့မှာပြီ ဓန ကားထွက်သွားတဲ့ထိစောင့်ကြည့်ပေးကာ စိတ်ချရမှ အိမ်သို့ ပြန်လာခဲ့လိုက်သည်။
ဓန ကားကို ဖြည်းညှင်းစွာ မောင်း
နေရင်း အိမ်ရောက်ရင် ကလေးကို သေချာကြိုးစားညှိယူဖို့တွေးနေမိသည်။ နောက်နှစ်ပဲသူတို့လက်ထပ်ရတော့မည်။သူလဲ ဒီထက်ပိုစိတ်မဆင်းရဲ ချင်တော့သလို ကလေးငယ်ကိုလဲ စိတ်မဆင်းရဲစေချင်တော့ပါ။ကားဟွန်းတီးတော့ ဘထွန်း ထဖွင့်ပေးရှာသည်။ အားနာသော်လဲ မတတ်နိုင်။ ဘထွန်းကိုနူတ်ဆက်ကာ အိမ်ထဲသို့ တန်းဝင်လာခဲ့သည် ။ တိတ်ဆိတ်နေတာကြောင့် မီနဲ့ ဒေါ် ဒေါ် အိပ်နေလောက်ပြီ ထင်သည်။
သူအခန်း တံခါးဖွင့်ကာ၀င်လာတော့ကောင်လေးက ကွေးကွေးလေးအိပ်နေရှာသည်။
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်