သက်ပိုင် သတိရလာတော့ ခန္ဓာကိုယ်အောက်ပိုင်းကလှုပ်လို့မရ။အနည်းငယ်လှုပ်လိုက်တိုင်း အသဲခိုက်မတတ် နာကျင်နေသည်။ဗိုက်ထဲကလဲအောင့်တတ်ကာ ပျိုအန်ချင်နေပြီးခေါင်းတွေကလဲ မူးဝေနေကာ မျက်လုံး ကိုပင် မနည်း အားယူကာ ဖွင့်နေရသည်။"အင်း ဟင်း.. .."
" သက်ပိုင်! "
မှိုင်းအသံကြောင့် တေဇနဲ့ရိူင်း ပြိုင်တူထရပ်လိုက်ကြသည်။
"နိုးလာပြီလား သက်ပိုင် .. "
"ညီ..... "
သက်ပိုင် ဘေးနားက အသံတွေကြောင့် အားယူ၍ကြည့်လိုက်သည်။ သူဘေးတွင် ကိုတေဇ၊ မှိုင်း နဲ့ကိုကြီးရှိန်း တို့ကသူကိုစိုးရိမ်ပူပန်သော မျက်နှာများဖြင့် ကြည့်နေကြသည်။
သူကိုတော့ မတွေ့။မတွေ့ရဘူးဆိုတာထက်တစ်သက်လုံးမတွေ့ရတော့လျှင်ပိုကောင်းမည်။ မတွေ့ချင်တော့သလို မြင်လဲမမြင် ချင်တော့ပါ။ မုန်းတယ်ဆိုထက်ရင်ထဲကပို၍နာကျည်းမိသည် ။
သူကြောင့် အခုဘယ်လိုအခြေနေ ဘယ်လိုအနေထား နဲ့ဆေးရုံကို ရောက်ခဲ့ရပါသလဲ ရှက်လို့သာ သေလိုက်ချင်သည်။ အိမ်ကိုပြန်ချင်သည့်စိတ်ကြောင့် အားပြုကာ ကျုံးထလိုက်သည်။
"မထနဲ့ဦး.... ညီ အခုချိန် အထိုင်ထ လုပ်လို့ အဆင်မပြေသေးဘူး "
"ဟုတ်တယ် သက်ပိုင် ခဏ တော့ဆေးရုံမှာနေရဦးမယ်..."
သက်ပိုင် ဘာမှထပ်မလုပ်တော့ပဲမျက်လုံးများကိုစုံမှိတ်ထားလိုက်သည်။
"သက်ပိုင်...ဓန က US ကိုအရေးကြီးကိစ္စတစ်ခုကြောင့်မသွားမဖြစ်လို့ သွားလိုက်ရတယ်။ မသွားလို့မရလိုသွားလိုက်ရပေ့မယ့် သူခင်မျာမသွားချင်ရှာဘူး ။မင်းကိုအရမ်းစိတ်ပူနေတာ...."
တေဇ သူငယ်ချင်း ဘက်ကအကောင်းဆုံးကူပြောပေးရှာသည်။ ခုချိန်ဒီကောင်လေးရင်ထဲဘယ်လိုခံစားနေရမလဲ သူတို့ကောင်းကောင်းသိသည်။
သူလုပ်ချင်တာလုပ်ပြီးထွက်သွားတာကို ဘယ်လို သဘောနဲ့ပဲ သွားသွား သူစိတ်မဝင်စား။ မရှိတော့လေ မမြင်ရလေပို၍ကောင်းလေပင်။ သူဘာစကားမှကြားချင်စိတ်မရှိတာမို့ မျက်နှာကို တစ်ဘက်သို့လှည့်လိုက်သည်။
![](https://img.wattpad.com/cover/336729164-288-k608483.jpg)
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်