အပိုင်း (15)💨

34.6K 1K 53
                                    


   'တော်ဝင် ဆေးရုံ '

         
           တေဇ အပြင်ကော်ရစ်တာတွင်ထိုင်နေရင်း ကောင်လေး ထွက်အလာကိုစောင့်နေရသည် ။စက်ဘီးကိုတော့ဆိုင်တစ်ခုမှာ အပ်ထားသည့်မို့ မနက်ကြမှသွားပြန်ယူပေးရအုံးမည်။ မညှိချင်တဲ့ဇယားတွေက သူကိုမှ လာကပ်သည်မို့ သူအနည်းငယ်တော့စိတ်ရူပ်မိသည်။

"ဒီမှာ ...လူနာရှင် အုပ်ထိန်းသူ
ရှိလား "

"ကျွန်တော်ပါခင်ဗျ ကျွန်တော်ပါ "

ကောင်လေးက သူ့ဘက်ကို မကြည်သလိုလှမ်းလှမ်းကြည့်နေသည်မို့ တေဇ မမြင်ချင်ယောင်ဆောင်ရင်းထပြောလိုက်၏။

"ဒီမှာ လက်မှတ်တစ်ချက်ထိုးပေးပါ ။လူနာက အရှိန်နဲ့ လဲသွားတာမို့ ခြေ အဆစ်လွှဲသွားပါတယ်။ တစ်ပတ်လောက် ကောင်းကောင်းနားလိုက်ရင်သက်သာသွားမှာပါ "

"ဗျာ!!! တစ်ပတ်တောင် "

ကောင်လေးက ရုတ်တရက်ထအော်လာသည်။ ဆရာမကော သူပါ ပြိုင်တူလှည့်ကြည့်မိတော့ ကောင်လေး မျက်နှာမှာပြိုတော့မည့်မိုးလို ရူံ့မဲ့နေသည်။

"ဟုတ်ကဲ့ ဆရာမ ဒီမှာပါ "

တေဇ လက်မှတ်ထိုးပေးရင်း နာမည်လေးကိုမှတ်လိုက်သည်။

' မှိုင်း တဲ့'

တေဇ လက်မှတ်ထိုး ပေးကာကျ
သင့်သည့်ငွေကိုရှင်းလိုက်သည်။ ကောင်လေးကိုတွဲထူလိုက်ပြီးပုခုံးပေါ်လက်တင်တော့ စူးကနဲကြည့်လာပြန်သည်။

သူ သွားဖြဲပြလိုက်ပြီး ကားပါကင် သို့ ဖြည်းဖြည်းချင်း တွဲလျှောက်လာကာ ကားပေါ်သို့ညင်သာ စွာပွေ့တင် ပေးလိုက်သည်။

"ကဲ ညီ  ကိုယ်ဘယ်ကိုပို့ပေးရမလဲ ။မင်း အိမ်က ဘယ်နားမှာလဲ "

"မရှိဘူး!! "

"ဟင် မိဘတွေမရှိဘူးလား "

"မရှိဘူး!!"

"မရှိတာက ဘာလဲ
သေချာပြော ညီရာ "

"သေသွားပြီလို့  ခင်များဗျာ ..
ခင်များလုပ်လို့ ကျုပ် အခု အလုပ်လဲ လုပ်လို့မရတော့ဘူး။ ကျုပ်အခုဘာနဲ့စား မလဲဗျ ခင်များ ကိုသာ ရိုက်သတ်ပြစ်ဖို့ကောင်းတယ်"

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now