အပိုင်း(22)💨

24.5K 812 39
                                    

 
      HMAWBI
Technological Universty
(ဘွဲ့နှင်းသဘင်အခမ်းနား)

ဒီနေ့ သက်မင်းပိုင် ဘွဲ့ယူမည့်နေ့.ဖြစ်သည်။ကျောင်းသားတွေ နေရာအနှံ ပြည့်နှက်ကာကျောင်းဝန်းကြီးက အစွမ်းကုန် လှနေပါတော့သည်။

သက်မင်းပိုင်၊သူဇာမြင့်၊ဝတ်ရည်၊သူရ သူတို့လေးယောက်လဲဝတ်စုံအပြည့်ဖြင့် အခမ်းနားတတ်ရောက်ရန်အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။

မိစုံဖစုံနဲ့သူတို့တွေကိုကြည့်ရင်းကြည်နူးမိပေ့မယ့်အားမကျမိ။သူမှာကိုကိုရှိပါသည် ။ကိုကို က သူအတွက် မိဘနေရာ အစ်ကိုနေရာ ရော အိမ်ထောင်ဦးစီး နေရာတွင်ပါ ရှိနေသည်မို့ သက်ပိုင်သိမ်ငယ်စရာမလိုပါ ။

ကျောက်စိမ်းရောင်လည်ကတုံးရှပ်လက်ရှည်ကို ပုဆိုးအစိမ်းပုတ်လေး နဲ့ဝတ်ထားသည့် ကိုကိုက ဒီနေ့သိပ်ကိုလူကြီးလူကောင်းပီသကာခံ့ညားနေသည်။

လက်တစ်ဖက်ကပိုက်ဆံအိတ်ကိုင်ထားသလိုတစ်ဖက်ကလဲသူလက်ကိုမလွှတ်တင်းကျပ်စွာစုတ်ကိုင်ထားသည်။ သူရင်ထဲကကြည်နူးမူ့ကဘာနဲ့မတူ။ ဒီလူသားကိုသူ့ပိုင်ခဲ့ပြီ။

 ဘွဲနှင်းအခမ်းနားပြီးဆုံးသွားချိန်သူတို့အားလုံးစုကာ ဓာတ်ပုံရိုက်ကြသည်။ ကိုကိုက သူကို ပြုံးကြည့်နေရင်းကအပြင်သို့ထွက်သွားသည်။

"Congratulations baby"

"Wow! Thanks Ko Ko"

ကိုကိုက သူခေါင်းလေးပုတ်ရင်း ပြုံးသည် ။ ကိုကို ပေးလာသော
အဖြူရောင်နှင်းဆီးပန်းစည်းကြီးကိုကြည့်ကာ သက်ပိုင်ပြုံးနေတာမရပ်တော့ပေ။

limited Rolex brands နာရီကို ထုတ်၍ သူ့လက်ကို လှမ်းယူတော့ သူငြင်းလိုက်သည်။ ငယ်ငယ်က ကိုကိုပေး ထားသော G. shork နာရီ လေးက သူလက်မှာ နေရာယူထားတုန်းမို့ သူမစွန့်ပြစ်နိုင်။

"ဟင်အင့်...သားမယူတော့ဘူး။ ဒီနာရီ သား မချွတ်ချင်ဘူး "

"ကိုယ်၀ယ်ပေးတာကို .."

"သားဒီနာရီမချွတ်ချင်ဘူး ကိုကို"

"နာရီ နှစ်လုံးကြီး ဖြစ်နေမှာပေါ ကလေးရဲ့ "

"ဖြစ်ပါစေပေါ့ ကိုကို ပထမဆုံးဝယ်ပေးထားတာမို့ သားမချွတ်ဘူး "

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now