အပိုင်း(28)💨

26.4K 857 78
                                    

  

     "ဟို ....ဟို  LEO က Jose ရောက်နေတယ် Boss"

၀န်ထမ်းကောင်လေး လာပြောတဲ့စကားကြောင့် ဦးမြမာန် မျက်နှာပျက်သွားသည်။

"ဘယ်လို..."

"ဟုတ်တယ် ဆရာ ဟိုဟို.."

"မြန်မြန် ကြိုလေ ဘာလုပ်နေတာလဲ ...."

"ဟုတ်.... ဟုတ် ဆရာ"

မြတ်မင်းထင် ခေါ် Jose ကိုဒီနိုင်ငံရဲ့စီးပွားရေး လောကမှ မသိသူမရှိလောက်အောင် ဖျံကျတတ်သလို ရက်စက်တတ်သူဖြစ်သည်။ သူနဲ့သွားညှိလို့မဖြစ်တာ ဦးမြမာန် ကောင်းကောင်း သိသည်။ Jose ကိုယှဥ် ဖို့ ထိသူမှာသတ္တိတွေ ရှိမနေခဲ့ပါ။

"ထိုင်ပါ ... ထိုင်ပါMr Jose "

မြတ်မင်းထင် အေးဆေးစွာဝင်ထိုင်လိုက်သည်။ အခန်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးခြေထောက်များကို ဦးမြမာန်ရဲ့ စားပွဲပေါ် သို့တင်လိုက်သည်။ လက်ကစီးကရက်ကိုတစ်ချက်ရိူက်လိုက်ပြီ ဦးမြမာန်ကို လှမ်းကြည့်လိုက်သည်။

"ဘာကိစ္စရှိလို့ပါလဲ ....Mr Jose"

"ကျုပ်ရဲ့ လူတစ်ယောက်ကို ခင်များ ဖမ်းထားတယ်ဆို "

"မဟုတ်တာ ဗျာ ကျုပ်ကခင်များနဲ့ ဘာအကန့်မှ မရှိသလို ဖမ်းထားစရာအကြောင်းရင်းလဲမရှိပါဘူး"

"ကဲ... ကျုပ်အပိုတွေသိပ်မပြောချင်ဘူး"

Jose ကနိုင်ငံခြား ရုပ်လဲမကျ ဗမာ မူ့ပုံကလဲပျက်မသွားပဲမြင့်မားသော အရပ်မောင်းနဲ့ ခန့်ညားသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။
နက်မှောင်သောမျက်ဝန်းများကြောင့်Jose ရဲ့အရှိန်ဝါက တစ်ချက်ကြည့်လိုက်ရုံနဲ့ တော်ရုံလူ ကိုလန့်သွားစေသည်။

"ဘာကိုဆိုလိုချင်တာလဲ "

"ဓနဘုန်းအောင် "

ဦးမြမာန်မျက်နှာမှာ အံသြရိပ်တစ်ချို့ထင်ဟပ်သွားသည်။

" Jose နဲ့ဘယ်လိုပတ်သတ်လို့လဲဒါ...ကျုပ်တို့ မိသားစု ကိစ္စပါ "

"အဲ့ဒါတွေကျုပ်စိတ်မဝင်စားဘူး ကျုပ်လိုချင်တာဓနဘုန်းအောင် "

"မောင်ရင်.....စည်းကျော်နေပြီထင်တယ် "

"အဲ့တော့... "

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now