မေမေ ကသူမျက်စိရှေ့တွင်ဆုံးသွားခဲ့ပြီးဖေဖေကထောင်ထဲရောက်သွားသည်။ ကိုကိုကလဲရုတ်တရက်သူ့ကိုသိပ်မုန်းတယ်တယ်ဆိုပြီးအကြောင်းပြချက်မရှိ အဝေးသို့ထွက်သွားခဲ့သည်။တစ်ခဏအတွင်းကံကြမ္မာလှည့်စားမူ့ကြောင့် ကျွန်တော်မှာဘာမှမကျန်တော့ပေ။အသက် ဆယ်နှစ်သာရှိသေးတဲ့ ကောင်လေး တစ်ယောက်အတွက်ကံကြမ္မာရိုက်ချက်ကပြင်းလှသည်။ ဘာတွေဆက်ဖြစ်ဦးမလဲ မသိတဲ့ လောကကြီးအလယ်မှာ သူတစ်ယောက်ထဲအထီးကျန်ကြောက်ရွံ့စွာကျန်ခဲ့သည်။
ညစဥ်ညတိုင်းအခန်းငယ်လေးထဲ ဒူးကိုပိုက်ရိူက်လို့ငိုရင်း နေ့ရက်တွေကိုသူကုန်ဆုံးခဲ့ရသည်။
"ဟင့်ဟင့် ....ကိုကိုကသားကိုမုန်းတယ်တဲ့ သားကိုရွံလဲရွံ့တယ်တဲ့ သားကိုမကြည့်ချင်တော့ဘူးတဲ့ ဟီး အီး ဟီး သားဘာလုပ်ရမှာလဲ ဘယ်သူနဲ့နေရတော့မှာလဲ မေမေရေ သားကို တစ်ယောက်ထဲမထားခဲ့ပါနဲ့သားကြောက်တယ်!! "
နေ့တွေညတွေရက်ပေါင်းများစွာ မငိုတဲ့ ညမရှိလောက်အောင် ညတိုင်းငိုရင်း သက်ပိုင်တစ်ယောက်ခံစားချက်တို့ ထုံပေလာခဲ့သည်။ တစ်ခါတစ်လေ သူသိပ်ချစ်ရတဲ့ကိုကို ကိုလွမ်းမိသည်ကလွှဲလို့ပေါ့။
"လွမ်းတယ် ကိုကို.. ကိုကို ကိုသားအများကြီးသတိရတယ်"
မဆွေကတော့ မေမေတို့မရှိတဲ့နောက်ပိုင်းအိမ်ကြီးမှာ
သက်ပိုင်လေးနဲ့အတူလာနေပေးရှာသည်။ ဒီကလေးတစ်ယောက်ထဲ သူတို့လင်မယားဘယ်လိုမှမထားခဲ့ရက်ခဲ့နိုင်။ကိုဘုန်းအောင် မသေခင် ကလေးကိုစောင့်ရှောက်ပေးဖို့တစ်ဖွဖွ မှာထားခဲ့ရှာသည်မို့ သူတို့လင်မယား တာ၀န်ကျေခဲ့သည်။ ရှေ့နေကြီး ကလစဥ်ကျောင်းစားရိတ်နဲ့ အိမ်စားရိတ်ကိုအတိကျထုတ်ပေးသည်။
အစစအရာရာပြည်စုံသော်လဲ သက်ပိုင်လေး မျက်နာတွင် အပြုံးဆိုတာမတွေ့ရတော့ပေ။အိမ်ကြီးက လဲ တိတ်ဆိတ်ကာ ခြောက်ကပ်နေတော့သည် ။
"ဓန သားကြီးရယ် ကြီးမေ သတိရလိုက်တာ ။ သားငယ်လေးကလဲ မင်းကိုသိပ်သတိရနေရှာတာမို့ပြန်လာခဲ့ပါလားသားရယ်"
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်