အပိုင်း(5)💨

42.8K 1.2K 27
                                    


မနက်ခင်းရဲ့အလင်းရောင်ကြောင့်သက်ပိုင် ဆက်အိပ်လို့မရတော့ပေ။ ခန္ဓာကိုယ်ကမထနိုင်ပေ့မယ့်ဆက်အိပ်လို့မရတော့မှန်းစိတ်ကသိနေသည်။သူဒီနေ့ကျောင်းသွားရမည်။

ကျောင်းပျက်ရက်တွေကများနေပြီမို့ သူမသွားလို့မရတော့ပါ။ အားယူကာထသော်လဲ ညကဒဏ်တွေကြောင့်လူက ပြန်ပြန်လဲကျမိနေသည်။

သူ့ဘေးမှာ မှောက်ခုံကြီးအိပ်နေတဲ့ ကိုကို ကိုတစ်ချက်ကြည့်လိုက်ပြီးနိုးသွားမှာဆိုးတာမို့ကိုယ့်အခန်းကိုပြန်ရန် ကုတင်ပေါ်ကညင်သာစွာသူဆင်းလိုက်သည်။

" ဒါကဘယ်လဲ !"

ကိုကိုအသံကရုတ်တရက်ကြီးမို့ သူတုန်သွားသည်။

"ဒီနေ့ကျောင်းသွားမှရမှာမို့လို့ပါကိုကို"

"ကျောင်းက ဘာဖြစ်လို့တတ်နေဦးမှာလဲ ဒီမှာလာပြန်အိပ်"

"ဟင့်အင့် သား ကျောင်းသွားမှာ"

လူကသာသေးကွေးနေတာ ပြန်ခံပြောပြီးခေါင်းမာတဲ့နေရာမှနှစ်ယောက်မရှိ။

"မင်းကိုစောက်ရမ်းချစ်တဲ့ မင်းဖအေက တစ်သက်စားမကုန်တဲ့အမွေတွေ ထားပေးခဲ့တာပဲ အဲ့ကျောင်းကဘာလုပ်ဖို့လဲ "

"အဲ့တွေသားနဲ့မဆိုင်ပါဘူး။ လိုလဲမလိုချင်ဘူး။ အချိန်တန်ရင် ကိုကို ပြန်ရမှာပဲ သားစိတ်လဲမ၀င်စားဘူး"

ကောင်လေးက တည်ငြိမ်စွာပြောနေပေ့မယ့် ဓနစိတ်ထဲ စွာလွန်းသည်ဟု ခံစားမိသည်။

"မင်းစကားအရမ်းများတယ်!! ကြည့်လိုက်တော့ ပျော့တိပျော့ဖတ်နဲ့ စွာလိုက်တာလဲ ကပ်ကပ်ကိုလှန်လို့ ငါကိုပြန်တောင်ခံပြော တတ်နေပြီပဲ"

"ကိုကိုပြောလို့ ​ပြန်ရှင်းပြတာပါ "

"မင်း !!"

"အင်း...ပြောစရာမရှိရင် ရေသွားချိုးတော့မယ် ကျောင်းကသွားကိုသွားရမှာ"

"အေး...သွား! မင်းဟာမင်း ဘယ်သွားသွား ငါသောက်ပူမပါဘူး ။ ငါစားဖို့မနက်စာပြင်ပြီးမှသွား !"

'ကိုကိုဗျာ...'

သက်ပိုင် စိတ်ထဲကညီးတွားလိုက်ပေ့မယ့်ထုတ်မပြောမိ။ ဘယ်လိုလူလဲကွာ သူ့ကြောင့်ကျောင်းနောက်ကျတော့မှာကိုတစ်ရက်တစ်လေ မညှာပေးဘူး။

"အငြိုးတွေသာပြယ်စေသား"(Complete) Où les histoires vivent. Découvrez maintenant