သက်မင်းပိုင် အခန်းထဲက အခန်းပြင်မထွက်ပဲ သူ့ကိုဆန္ဒပြနေသည်။ အစား လဲမစား ၊အတွေ့လဲမခံ ။ ဓန အစကမသိချင်ယောင်ဆောင်ထားပေ့မယ့်ကြာလာတော့စိတ်ပူသလိုဖြစ်လာသည်။ဘထွန်း ကလဲနေမကောင်းနေသဖြင့် ဆေးခန်းပြပေးရန် သူခြံထဲဆင်းခဲ့သည်။ တစ်အိမ်လုံး အလုပ်တွေအကုန်သူ့တာဝန်လို ဖြစ်နေသည်။ ကုမ္မဏီတွင် တေဇ ရှိနေ၍သူခံသာနေတာဖြစ်သည်။
"ဘထွန်း ...ဆေးခန်းသွားရအောင် "
"အဲ့လောက်လဲ မဟုတ်ပါဘူး သားကြီးရယ် လေးထွန်းက ဆေးသောက်ရင်ပြောက်သွားမှာပါ"
"အဲ့လိုလဲဘယ်ဟုတ်ပါ့မလဲ သမားတော်နဲ့သေချာဆေးစစ်ကြည့်ရအောင် "
"မလိုပါဘူးကွယ်။ ဘဘတောင်းဆိုချင်တာတစ်ခုပဲ သက်ပိုင်လေး ကို ဂရုစိုက်ပေးပါဦး သားရယ် အပြင်လဲမထွက်ထမင်းစားတာလဲမတွေ့ဘူး။ရန်ဖြစ်ထားကြပြန်ပြီးလားကွယ် "
သူများအမြင်မှာကိုယ်ကပဲအဆိုး။ ဓနလဲ စိတ်ထဲတော့မကောင်းမိ။ ငါတစ်ကယ်ပဲလွန်နေတာလား။သေချာတာတစ်ခုကခုရက်ပိုင်း ကောင်လေး ကိုမတွေ့ရ၍ သူမှာအဆင်မပြေ ။
*ကျစ်!!ဘာလဲကွာ စိတ်တွေရူပ်လိုက်တာ*
" ဘထွန်း ဆေးခန်းသွားဖို့ပြင်လိုက်ပါ "
သူစကားဖျက်ချပေ့မယ့် ဘထွန်းကမခံ။ ဓန နေရတာ အသက်ရူမ၀သလိုပင်ခံစားလာရသည်။
"လူကြီး တွေဖြစ်ခဲ့ ကြတဲ့ ပြသာနာမှာသက်ပိုင်လေးနဲ့မဆိုင်ပါဘူးကွယ်။ သူခင်များ ငယ်ငယ်လေး နဲ့ အမေရောအဖေရောစွန့်ပြစ်ခံရပြီး သားတို့ကိုပဲမှီခိုနေရရှာသူပါ။အခုလိုတွေ ဖြစ်သွားတော့ သူတော်တော် လေးခံစားသွာရရှာတာ ။ သားကြီး နိုင်ငံခြား ထွက်သွားတုန်းကဆို သားငယ်လေးကစကားလဲနည်း သွားသလိုအပြုံးရယ်ဆိုတာလဲမရှိတော့ဘူး။ သူ့ခင်မျာ ဖျားလို့ယောင်ရင်တောင် ကိုကို သားကိုမထားခဲ့ပါနဲ့ဆိုပြီးယောင်ရှာတာ "
"တော်ပါတော့ဗျာ..."
ဘထွန်း ပြောပြသမျှ နားထောင်ရင် သူစိတ်တွေ မွန်းကြပ်လာရသည်။
ဓန ပျော့ညံချင်နေသည့်စိတ်ကို ချက်ချင်းဖျောက်ဖို့ကြိုးစားရပြန်သည်။
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်