ဓနဘုန်းအောင်တစ်ဖြည်းဖြည်းသက်သာလာပြီမို့ ဆေးရုံ ဆင်းဖို့ ပြင်ကြသည်။ဆေးရုံမှာကြာကြာမနေလို။ ဒီအငွေ့သက်တွေ ဒီပတ်ဝန်းကျင် သူကြောက်နေမိပြီ။
သူသာ တစ်ကယ် သေဆုံးသွားခဲ့ရင် ဒီမိသားစု ဒီအသိုက်မြုံနဲ့သေချာပေါက်သူခွဲရမှာဆိုတဲ့ အတွေးနဲ့တင် ဓန ဒီနေရာမှာမွန်းကြပ်သလို ခံစားလာရ၏။"သားရဲ့ပါးပါး.."
"ဗျာ..... ကိုကို "
"သားရော.... "
"မှိုင်း ဆိုင်ကို ခေါ်သွားတယ် ကိုကို... ညနေကျ ကိုကြီးရှိန်း ခဏခေါ်သွားပြီးရင် ပြန်ပို့ပေးမယ်တဲ့"
"သား လဲသနားပါတယ်ကွာ
မိဘတွေနားကပ်ရတယ်လို့ကိုမရှိပါဘူး""အမလေး..ကိုကိုသားက အဲ့လို လမ်းသလားနေရမှ ပျော်တာ... ဘယ်သူနဲ့တူလဲတော့မသိဘူး ကျွန်တော်နဲ့ မတူတာတော့ သေချာတယ် "
"အဲ့ဒါဆို ကိုယ်နဲ့တူတယ်လို့ပြောချင်တာလား "
"အဲ့ဒါတော့မသိဘူးလေ "
သက်ပိုင် ပြုံးစစမျက်နှာဘေးနဲ့ဆိုသည်။
"ကိုယ်ဘယ်လောက်လိမ်မာခဲ့လဲ မင်း အသိဆုံးပါ "
"သူများတွေေအပေါ် ဟုတ်ချင်ဟုတ်မှာပေါ့ ကျွန်တော်အပေါ်တော့ မဟုတ်ပေါင် "
"ဟုတ်လို့လား ကလေးရဲ့ ကိုယ်မင်းအပေါ်ဆိုးတာ တစ်ချိန်ထဲပါ "
"ကိုကိုနော် ဆေးရုံမှာကို ဘာတွေ လာပြောနေတာလဲ "
"အဲ့ဆိုလဲအိမ်ရောက်မှ ပြောတော့မယ်"
ကလေးရဲ့ ခါးလေးကိုဆွဲညှစ်ကာ ဆိုလိုက်သည်။
"ဟာ ကိုကို နော်..."
ကောင်လေးမျက်နှာလေးတွေနီစွေးသွားသည်မို့သူအားရပါးရရယ်လိုက်သည်။ မြတ်နိုးလွန်း၍ ဘယ်လိုလုပ်ရပါ့။
"သားရဲ့ပါးပါး "
ကိုကိုက သားမွေးပြီးနောက်ပိုင်းသူ့ကို အဲ့လို့လေးပြောင်းခေါ်လာတာ သတိထားမိသည်။ ခေါ်ပုံလေး သဘောကျမိတာမို့ ဘာမှမပြောဖြစ်။
"ဗျာ... "
"ကိုကိုအနားလာပါဦးကွာ တစ်ကယ်ပဲအကပ်ကိုမခံတော့ဘူး"
![](https://img.wattpad.com/cover/336729164-288-k608483.jpg)
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်