အပိုင်း(3)💨

46.9K 1.4K 17
                                    

ဒီနှစ် ဓန ဆယ်တန်း ရောက်ပြီမို့ အဆောင်သို့ပြောင်းနေရသည်။ ညီလေးနဲ့ခွဲနေရတော့ သူမှာ ဒီကြားထဲ
သိပ်လွမ်းနေခဲ့ရသည်။

နက်ဖြန် သူတို့နှစ်ယောက် ရဲ့
မွေးနေ့ မို့ မေမေကိုယ်တိုင်လာကြိုမည်ဟု အဆောင်သို့လှမ်း၍ဖုန်းဆက်ထားသည်။ သူလဲ ယူစရာရှိတာတွေယူပြီ အဆောင်အောက်ထပ် တွင်အဆင်သင့်ထိုင်စောင့်နေလိုက်သည်။

ညီလေးနဲတွေ့လိုစိတ်ကများနေသဖြင့်လူက ဖင်တစ်ကြွကြွ။ ဒီနေ့မှ အချိန်တွေကပိုကြာသလို ခံစားနေရကာ မေမေကလဲလိုတာထက်ပို၍ကြာနေသည့်ဟုပင်သူစိတ်တွင်ထင်နေရသည်။

​မေမေ့ ကားဝင်လာတာတွေ့လိုက်သည်နှင့် ဓန ပြေးထွက်ကာကြိုတော့သည်။

"မေမေ!!"

ဓန မေမေကို ပြေးဖက်ကာခြေဖျားထောက်၍နဖူးလေးကို ဖိကာနမ်းလိုက်တော့သည်။

"မေမေနဲ့ညီလေးကိုတအားလွမ်းနေတာ .... ဖေဖေ ကောနေကောင်းရဲ့ လားမေမေ"

"အမလေး!!ဖြည်းဖြည်းမေးပါသားကြီးရယ် မင်းညီလေးရော မင်းဖေရောနေကောင်းပ့ မင်းညီလေးကမင်းလာမယ်ဆိုလို့​​ပျော်နေရှာတာ။ မနက်ထဲကဖင်တစ်ကြွကြွနဲ့"

"ဟာ...ဟုတ်လားမေမေအဲ့ဆိုမြန်မြန်ပြန်ကြရအောင် "

"ဟဲ့!!အော် ဒီကလေးနဲ့ခက်လိုက်တာ ​"

အဆောင်မှူးကိုတောက်နူတ်မဆက်ပဲ ကားပေါ်ပြေးတတ်သွားသူကြောင့် ခင် မှာရယ်ရသေးသည်။  သားအဖေ အရင်ကထက်ပိုဆိုးလာ​ကာကျန်းမာရေးလဲအရင်လိုမကောင်းကြောင်းကိုသူသားကိုမပြောပြဖြစ်။ သားက ဒီနှစ်ဆယ်တန်းမို့ သူ စိတ်မဆင်းရဲစေလိုပါ။

အိမ်ထဲကိုကားဝင်တော့ ညီလေးက ပြေးပြီး လာကြိုသည်။ သူလဲကားပေါ်ကခပ်မြန်မြန်ပြေးဆင်းကာ ညီကို အားရပါးရဖက်လိုက်တော့သည်။

"ကိုကို !"

"ညီလေး!"

"သား ကိုကို ကိုအရမ်းလွမ်းနေတာ "

မျက်လုံး၀ိုင်းလေးတွေနဲ့ပြောနေသောကလေးကြောင့် ဓန ရယ်လိုက်ပြီး ။

"ကိုကိုကမလွမ်းအားပါဘူးကွာ စာတွေလုပ်နေရလို့ သတိတောင်မရဘူး..."

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now