အပိုင်း(32)💨

36.5K 941 146
                                    


ဓန တို့ရဲ့ဘဝလေးထဲ သားလေးဝင်ရောက်လာတဲ့နေ့ကစလို့ကြည်နူးစရာတွေအပြည့်နဲ့ ပျော်စရာကောင်းခဲ့သည်။ သက်ပိုင်ကလဲ သူအပေါ် အရင်ကထက်ပို၍ကြည်ကြည်ဖြူဖြူလက်ခံပေးလာသည်။

သူတို့ရဲ့အိမ်​ကလေးဟာအရင်ကနဲ့ မတူတော့ပဲ ဆည်းလည်းလေး ရဲ့ အသံလေးတွေနဲ့တင် သူတို့မိသားစုက ပျော်စရာတွေ လွမ်းခြုံထားတဲ့ ကမ္ဘာလေးတစ်ခုလိုလှပခဲ့ပါသည် ။

ဟို အကောင်တွေကတော့ချွင်းချက်ပေါ့ဗျာ....

"မင်းတို့ကမပြန်တော့တာလား ဒါမှမဟုတ်အိမ်မရှိကြတာလား "

"အိမ်ရှိလဲငါတို့ပြန်ချင်မှပြန်မယ်ကွာ ငါသားနဲ့မခွဲနိုင်လို့မပြန်တာ... ဘာဖြစ်လို့လဲ... "

"ဟုတ်တယ် ဆက်ကလေး နဲ့ မခွဲနိုင်လို့ မပြန်တာ...ဟျောင့်...မင်း လာငြိုငြင်စရာ ဘာအကြောင်း မှမရှိဘူး မပြန်ဘူးကွာ မပြန်တော့ မင် ဘာဖြစ်ချင်လဲ!!!"

ဓန ဒီကောင်တွေရဲ့ သောက်ရှက်မရှိမူ့ကြီးအား စွံ့အကာ စိတ်ဓာတ် တွေ​ကိုကျနေမိပါပြီ။တေဇ ဆိုသည်မှာလဲ Company ကပြန်လာရင် သူကွန်ဒို တန်းမပြန်နိုင် သား ဆီတန်းရောက်လာသည်။

ရှိန်းမင်းဆက် ဆိုတဲ့ကောင်အဆိုးဆုံး ဝယ်လာသည့်ပစ္စည်း တွေက များလွန်း၍ အခန်းနဲ့ပင်မဆန့်တော့၍မနည်းတားနေရသည်။ကလေးကငယ်သေးတယ် မလိုတာတွေမ၀ယ်ဖို့ပြောလဲပြောလဲမရ။
သူနာမည် တစ်လုံးပါတာကိုပင် သူမှာ တစ်လောကလုံး အပိုင်ရသလို
ဒင်းကသွားတစ်ဖြဲဖြဲနဲ့အူမြူးနေတာမပြီးနိုင်။

သူမှာ မကျေနပ်သော်လဲ ကောင်လေးရဲ့ သဘောကြောင့် ဘာမှမပြောနိုင်အောင့်သက်သက်နှင့်။ အဲ့မအေဘေးကိုပို၍ကြည့်မရဆုံးဖြစ်နေသည်။

"ရှိန်းမင်းဆက်!! "

"ဘာလဲ!!"

"ဟ!!ဖြည်းဖြည်းထူးပါကွ...အဆင့်တန်းကိုမရှိဘူး "

"အဆင့်အတန်းက မင်းတစ်ယောက်အတွက် ကွက်ပြီးမရှိတာ "

"မအေဘေး ငါစကားအကောင်းပြောမလို"

"ပြော "

" Jose ဘယ်တော့လာမှာလဲ "

"မြတ်မင်းထင် ....လား "

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now