အပိုင်း (18)💨

37.4K 1.1K 160
                                    

အိပ်ယာပြောင်းသဖြင့်သက်ပိုင် တစ်ညလုံး အိပ်မပျော်။ ရေကိုကြာကြာလေးစိမ်ချိုးလိုက်ပြီ ကုတင်ပေါ်တွင် ငုတ်တုတ်ထိုင်နေမိသည် ။သူဘာဆက်လုပ်သင့်လဲကိုကို ကို ဘယ်လိုရှင်းပြရမလဲ သူရှင်းပြရင်ရော ကိုကိုက လက်ခံပါတော့မလား။ သက်ပြင်းလေး ခပ်ဖွဖွ ချလိုက်မိ၏။

တွေးနေရင်းပင် သက်ပိုင် ဗိုက်ထဲဆာလွန်းလာသဖြင့်တစ်ခုခုစားရန် အခန်းပြင်သို့ သူ ထွက်လာခဲ့သည်။
မီးဖိုထဲတွင်လဲ ဘာမှ မရှိပါ။ ရေခဲသေတ္တာ ဖွင့်ကြည့်တော့လဲ ခေါက်ဆွဲခြောက် ကြက်ဥတစ်ချို့ကိုသာတွေ့လိုက်ရသည်။

ဒီလူပျိူကြီး အိမ်မှာ ဘာမှ ချက်စား မည့်ပုံလဲမပေါ်။ သက်ပိုင် နှာခေါင်းလေးရူံ့လိုက်ပြီး ခေါက်ဆွဲ ပြုတ်စားရန်သာပြင်လိုက်သည်။  ရေယူရန်သူအလှည့်

"အမေ့ "

သက်ပိုင် ရုတ်တရက်မို့အရမ်းလန့်သွားသည်။အပြာရောင်ဆံပင်တွေကစုတ်ဖွားနေတဲ့ကောင်လေးတစ်ယောက်။ အပေါ်ပိုင်းကအင်္ကျီမပါပဲ သူဘေးတွင် အိပ်ချင်မူးတူးဖြင့် လာရပ်နေသဖြင့် သူလန့်သွားတာဖြစ်သည်။ 

'ဘယ်...ဘယ်သူကြီးလဲ ညကမရှိပါဘူး။ သူခိုး...သူခိုးလား '

သက်ပိုင် ထိုလူငယ်ကို ဇွန်း နဲ့ရွယ်လိုက်ပြီး ထစ်ငေါ့စွာ မေးလိုက်သည်။

"မင်း !!မင်း ကဘယ်သူလဲ "

ညိုမှိုင်းဟန် ရှေ့ကကောင်လေး​ရဲ့အမူယာကြောင့်ရယ်လိုက်ပြီး

"ဟက်!! ခင်များက ဘဲကြီးခေါ်လာတဲ့ တစ်ယောက်မလား "

"အွန်း ...ဟုတ်တယ် မင်း... မင်း ကရော ဘယ်သူလဲ "

"ကျုပ်လား..... ဒီကဧည့်သည်ပါပဲ ကျုပ်နာမည်က မှိုင်း "

ဧည်သည်ဆိုတော့ သက်ပိုင် ဘာမှမပြောတော့ပဲ ဇွန်းကို ပြန်ချလိုက်သည်။

"အော်.....ငါ့နာမည်က "

"သိတယ် ...သက်မင်းပိုင် ခင်များဘာလုပ်နေတာလဲ ကျုပ်လဲဗိုက်ဆာ
လို့ "

သူနာမည်ကိုသိနေသဖြင့် သက်ပိုင်ပါးစပ်လေးဟကာ အံသြသွားသည်။

"ဘဲကြီး ပြောပြလို့သိတာ"

"အော်.."

လူပုံက ဂျစ်ကန်ကန်နဲ့ ဆိုပေ့မယ့် ရုပ်လေးကနှစ်လိုဖွယ်လေး တော့ကောင်းသည်။သူအထက်အောက်ကြည့်တော့ ခြေထောက်ကပတ်တီးစည်းထားတာတွေ့လိုက်သဖြင့် ခဏက အပြူမူအတွက်အားနာသွားသည်။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now