အပိုင်း(24)💨

28.8K 848 37
                                    


သက်ပိုင် အလုပ်တွင်အဆင်ပြေကာနေသားကျလာပြီဖြစ်သည် ။ Designတွေ ကိုလဲ သူသေချာရေးဆွဲနိုင်ပြီး ကိုကိုလုပ်ငန်း တွက်အများကြီးအထောက်ကူ ပြုပေးနိုင်ခဲ့ပြီ။

ဒီနေ့တော့ project အသစ်အတွက် Design ပိုင်းတာဝန်ခံ ကိုမာန်ဟိန်းနဲ့ ဒဂုံဘက် သွားရမည်မို့သူ ပြင်ဆင်စရာရှိတာ့ပြင်ဆင်လိုက်သည် ။

"ကိုမာန် အဆင်သင့်ဖြစ်ရင်
သွားရအောင်လေ"

" အစ်ကို ဒါလေးလက်စသတ်ပြီးရင် သွားကြတာပေါ့။  လိုအပ်တဲ့ file တွေ မမေ့နဲ့ ဦးနော် ပိုင်လေး"

တစ်ရုံးလုံးက သက်မင်းပိုင် ကို ချစ်စနိုးနဲ့ ပိုင်လေး ဟုသာခေါ်ကြသည်။သက်ပိုင်က  တစ်ဖွဲ့လုံး၏ အချစ်ခံလေးဖြစ်သည်။

"အကုန်စစ်ပြီပြီ ကိုမာန်...နေရာတစ်ချက်လိုက်စစ်ရုံပဲ"

"ok ပိုင်လေး "

သူ ကိုမာန် နှင့်စကားတစ်ပြောပြောနဲ့အတူယှဥ်ကာ ထွက်လာတော့ ကိုကိုနဲ့ ကော်ရစ်တာမှာ တန်းတိုးသည်။

"ဒါက ဘယ်လဲ သက်မင်းပိုင်! "

ကိုကို အသံကအနည်းငယ်မာနေသည်။

"project အသစ်တွက် ဒဂုံ ဘက်သွားမလို့ပါ boss"

နံဘေးက မာန်ဟိန်းကို တစ်ချက်လှမ်းကြည့်ပြီး ချက်ချင်းအလိုမကျသည့်ဟန် ဖြစ်သွားသည်။

"တေဇ ကရော "

"ကိုတေဇက Design ဘက်နဲ့ သိပ်မဆိုင်တော့ ကိုမာန်နဲ့ သွားမှ ပိုအဆင်ပြေမှာမို့လို့ပါ"

"တေဇနဲ့ ဆိုင်တာ မဆိုင်တာ ငါဆုံးဖြတ်ရမယ့် ကိစ္စ သက်မင်းပိုင်!!"

"ဟို Boss ကျွန်တော်နဲ့ ပိုင်လေး တွဲ ပြီးတာဝန်ယူရတဲ့အလုပ်မို့လို့ပါ "

ကိုမိုးမာန် က အကျိုးသင့်အကြောင်းသင့်ဝင်ပြောပြန်တော့လဲ မဟုတ်ပြန်။

"အဲ့တော့ "

"ပိုင်လေးနဲ့ သွားကြည့်မှ Design ပုံစံ အနေထားဆွဲဖို့ ပိုအဆင်ပြေမှ မို့လို့ပါ "

ဓန ဘာစကား မှမပြောတော့ပဲ ထွက်သွားသည်။ သက်ပိုင်လဲ ကိုမာန်ရှေ့ အော်ခံရသည်မို့ အောင့်သက်သက်ကြီးကျန်ခဲ့သည်။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now