အပိုင်း(30)💨

29.7K 776 61
                                    


ဓန မိုးလင်းထဲက သက်ပိုင်အတွက်လိုအပ်တာတွေ ပြင်ဆင်ပေး
ပြီး laptop ရှေ့ကမခွာတော့ပေ။
ဦးမြမာန်ရဲ့ စက်ရုံတွေ တရားမဝင် လုပ်ငန်းတွေ အကုန်သူ စုံစမ်းသည်။ဒီလူကို လျှော့တွက်လို့မရသူဘက်က အစစအရာရာ ကြိုပြင်ဆင်ထားနိုင်မှ တော်ကာ ကျ
မည်  ။

လုပ်စရာရှိတာများ လက်စသပ်ကာ
ပြတင်းပေါက် ကနေတစ်ဆင့် ခြံထဲကို လှမ်းကြည့်လိုက်တော့ သက်ပိုင် ခရေပင်တန်းတွင် ထိုင်၍ စာအုပ်ဖတ်နေသည်။ တီရှပ်ပွပွ အပြာနုလေးကို ချည်ဘောင်းဘီရှည်လေးတွဲဝတ်ထားနဲ့ သူကလေးကခရေပင်တန်းလေးနဲ့ အပြိုင် အေးချမ်းနေသည်။

ပြသာနာ ဖြစ်ပြီးထဲက သူကလေး မကြိုက်တာ အတတ်နိုင်ဆုံး မလုပ်မိအောင်ကြိုးစားရှောင်ဖြစ်သည်။
ကလေးစိတ်ဆင်းရဲမည့်အရာမျိုးတွေဆို ဓန လုံး၀မလုပ်။

ကိုယ်ဝန်ရင့်လာတာနဲ့အမျှ Company ကိုလဲမသွားဖြစ်တော့ပဲကလေးကိုအရိပ်တစ်ကြည့်ကြည့် နဲ့ အိမ်မှာပဲ သူနေဖြစ်သည်။ဓန ဗိုက်ဆာလာသဖြင့် အောက်ထပ်သို့ ဆင်းလာကာ မဘုတ်ကို လှမ်းပြောလိုက်သည်။

"မဘုတ် ကျွန်တော်တို့ ထမင်းစားတော့မယ် ထမင်းဝိုင်းပြင်လိုက်ပါ "

"ဟုတ်ကဲ့ ကိုဓန... "

"ကိုလေး သက်ပိုင် ကို ခြံထဲမှာ သွားခေါ်ပေးပါအုံး....ထမင်းစားချိန်ကျော် နေပြီ"

"ဟုတ်... ဆရာ"

ဓန ထမင်းဝိုင်းတွင် ထိုင်ကာ စောင့်နေလိုက်သည်။ သက်ပိုင် မျက်နှာကမကြည်မသာဖြင့်၀င်လာသည်။

"ဝမ်းချင်း ဆုံနေတာမှ မဟုတ်တာ ခင်များဟာခင်များစားနှင့်ပါလား...ကျွန်တော်ဆာမှ စားမှာပေါ့"

"ကိုယ်ဝန်ဆောင်သည် ဆိုတာ အချိန်နဲအချိန် စားရတယ် "

"ကျုပ်သိတယ် မဆာသေးလို့
မစားတာ"

"သက်ပိုင်!!"

"ထည့်ဗျာ... ထည့်ထည့် !!"

ဓန ပြုံးလိုက်ကာ သက်ပိုင်ပန်းကန်ထဲ ထမင်းခူးထည့်ပေးလိုက်သည်။
သက်ပိုင် ထမင်းကို စိတ်မပါသလို စားနေသည်။ ဟင်းတွေကိုလဲတစ်စက်မှမထိ။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now