အပိုင်း(12)💨

34.6K 1.2K 95
                                    


ဒီနေ့ ကျောင်းသွားရမည်နေ့မို့မနက်စောစောထပြီး မနက်စာအတွက် သက်ပိုင် မုန့်ဟင်းခါး ချက်ကာ အဆင်သင့် ပြင်ထားပေးလိုက်သည်။

ကျောင်းသွားရန်လဲအကုန်အဆင်သင့် ပြင်ပြီးပြီးမို့ ကိုကို အတွက် အဝတ်စားအဆင်သင့်ထုတ်ပေးပြီး သက်ပိုင် အောက်ထပ်၌သာ ကိုကို ကိုထိုင်စောင့်နေလိုက်သည်။

"ဟဲ့!!ဟိုကောင်လေး မနက်စာ ပြင်လိုက်တော့ ။ အေမီလေးကော တစ်ခါထဲစားမယ်ထင်တယ် သပ်သပ်ရပ်ရပ်ပြင်နော်"

သက်ပိုင် ကျောင်းသို့သွားရန် အဆင်သင့် ဖြစ်နေပြီ​မိုမလုပ်ချင်တော့ပေ။ အကုန်လုံးအဆင်သင့်ပြင်ထားပြီးသားမို့ အသင့်ထည့်စားလိုက်ရုံကို သတ်သတ်မဲ့ လုပ်နေမှန်းသိသာသည်။ စိတ်ညစ်သွားပေ့မယ့် ကိုကို
ဧည့်သည်မို့သူမငြင်းနိုင်။

"ဟုတ်ကဲ့"

သက်ပိုင် မုန့်ပွဲများကိုထပ်၍ သပ်သပ်ရပ်ရပ် ပြင်ပေးကာ ကော်ဖီပါအဆင်သင့်ဖျော်ပေးလိုက်သည်။

"အဆင်သင့်ပါပဲ အန်တီ "

"လာ...သမီး မြန်မာမုန့်ဟင်းခါး
လေး စားရအောင် "

"အေမီ စားတတ်မယ်မထင်ဘူး တီတီ၊အေမီကို ထမင်းလေးကြော်ပေးလို့ရလားဟင်"

"ရတာပေါ့ ဟဲ့!!! ဟိုကောင်လေး ပြောတာကြားရဲ့လား ​"

သက်ပိုင် ဒေါသထောင်းခနဲဖြစ်သွားသည်။  တမင်လုပ်မှန်း  သိသိကြီးနဲ့
ဧည်သည်ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့သည်းခံနေရတာတော့မမိုက်။ဒီအတိုင်းဆိုအင်္ကျီကထပ်လဲရတော့မည် ။

"ကျစ်!"

သက်ပိုင် စိတ်ရူပ်စွာခေါင်းညိတ်ပြလိုက်ပြီးမီးဖို ထဲဝင်ကာထမင်းကြော်  ကြော်နေခိုက် ကိုကို ကဆင်းလာသည် ။

ဓန ကော်ဖီတစ်ခွက်ငဲ့လိုက်ပြီးကောင်လေးကိုလိုက်ရှာနေမိသည်။ မီးဖိုထဲတွင် ကျောင်းဝတ်စုံနဲ့တစ်ခုခုချက်နေသည့်မို့ ဓန မျက်မှောင်ကုတ်သွားမိသည်။

"ဒေါ်ဒေါ်.... အဆင်ပြေရဲ့လား
အေမီရောညကအိပ်ပျော်ပါရဲ့
လား "

'ဟွန့် သူဟာသူ အိပ်ပျော်ပျော်မပျော်ပျော်သူ့အလုပ်လားလျှာကိုရှည်လွန်းတယ် အိပ်မပျော်ရင် သူကသားချော့တေးနဲ့သွား ချော့သိပ်မလို့လား '

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now