'BHONE Group'ဒီနေ့ကုမ္မဏီမှာအရေးကြီး အစည်းဝေး ရှိသဖြင့် ဓန အိမ်ကစောစောထွက်လာပြီး အရေးကြီး Mail များကို စစ်နေရသည် ။ တင်ဒါခေါ်ထား သော ဆောက်လုပ်ရေး များက ကျသင့်တဲ့ဟာ ကျလာပြီး မို့သူတို့ဒီရက်ထဲနားချိန်မရှိ။
အလုပ်တွေကများတော့ နားနေလို့ကမရ။ ဖြစ်နိုင်လျှင် သူကောင်လေး အနားပဲကပ်ကာနေချင်မိသည်။ခုရက်ပိုင်းအတွင်းကောင်လေးနဲ့သူ ခွဲမနေချင်အောင်ဖြစ်နေသည်။သို့သော်လဲသူ့အလုပ်တွေကလဲ ပစ်ထားလို့မရ ။
ဟိုမအေဘေးတေဇ ကလဲ ကလေးတစ်ယောက် မွေးစားပြီးတဲ့နောက် Company ကို အရင်လိုအချိန်မမှန်တော့ပေ။ ခုချိန်ထိ သူ့အနားမှာ အနစ်နာခံ ၊အဆဲခံ ပေတေပြီး နေလာပေးခဲ့တာမို့ အတည်တကျလေးဖြစ်စေချင်တာအမှန်ပင်။ အခုထိုကောင်လေးနဲ့ ဘာလဲ မေးရင်လဲ ရေရာတဲ့အဖြေကမရှိ။
"ဟျောင့်!! ဓန "
"အသက်ရှည်ဦးမယ်။ ငါ မင်းအကြောင်း တွေးနေတာ "
"ငါ့အကြောင်း...ထူးထူးဆန်းဆန်း ဘာလဲ ငါ့ကို ခွင့်ရက်ရှည် ပေးမလို့လား "
"ဒါပဲရမယ်"
သူလက်ခထောင်ပြတော့ တေဇ ကရယ်သည်။ရှင်းသန့်ကြည်လင်တဲ့နေတဲ့မျက်နှာထားနဲ့တေဇက လူမူ့ဆက်ဆံရေးကောင်းသဖြင့် ကောင်မလေးတွေကြား နာမည်ကြီးသူဖြစ်သည်။ မြင့်မားတဲ့အရပ်နဲ့ဒီကောင်က သူနီးပါးရှည်တာမို့ သူတို့နှစ်ယောက်ယှဥ်သွားရင် ထင်းထွက်နေသဖြင့် လူသတိထားမိစရာ အရမ်းဖြစ်သည်။
"ဒါနဲ့... မင်းအိမ်ကဟာလေးနဲ့ ရောအခြေနေ "
"ဘာမှမဟုတ်ပါဘူးကွာ ။ချာတိတ်က ဂျစ်ကန်ကန်နဲ့ ဆိုပေ့မယ့် ရယ်တော့ရယ်ရတယ်။ ငါအပျင်းတော့ ပြေတယ် မဆိုးပါဘူး"
"ဟက်!! လူပျိုကြီး ကျွတ်တော့မယ်ပေါ့ "
"လိ့ကို လူပျိူကြီး ငါအသက် အခုမှ သုံးဆယ် စွန်းစွန်းလေးရှိသေးတာ မင်းထက်အများကြီးနုတယ်
ဟျောင့်""ဟားဟားဟား .... မင်းတို့ကောင်တွေက နုဖက်အုယွနေတဲ့အသားရည်ကို ထိန်းရသိမ်းရနဲ့ရူပ်နေတာပဲ။ ငါကအခုတောင်ဒီလောက်ကြည့်ကောင်းနေတာ။ ထပ်ပြင်ရင် မင်းတို့က ငါကိုသားလို့ခေါ်နေရမှာ အားနာလို့ "
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်