အပိုင်း (29)💨

30.2K 971 74
                                    

ဓန အိမ်ပြန်ရာက်လာတဲ့နေကစ၍ က​လေး အတွက် တစ်ရက် မှမပြတ်ပဲ မနက်စာကအစ သူကိုယ်တိုင်ပြင်ပေးဖြစ်သည်။

သက်ပိုင်ကြိုက်တတ်တာလေးတွေကိုသူကိုယ်တိုင်ချက်ပေးဖြစ်သည်။
မဘုတ်ကိုတောင်တော်ရုံလောက်ပဲသူခိုင်းသည်။အစစအရာရာကိုယ်တိုင်ပဲလုပ်ပေးချင်မိသည်။

သူချက်တာသိလျှင် မစားမည်ဆို၍ ကလေးမနိုးခင် မနက်အေစာကြီးထ၍ သူချက်ပြုတ်ရသည်။
Company နဲ့အိမ် သူပင်ပန်းသော်လဲတစ်ချက်မငြီးနိုင်၊ ကလေးသူ့အပေါ်အမြန်ဆုံးပြန်အမြင်ကြည်ဖို့သာသူမျှော်လင့်ထားသည်။

သက်ပိုင်ကသူကို့ နည်းနည်းမှအတွေ့မခံ။တွေ့လျှင်တောင်ရှောင်ထွက်သွားတတ်သည်။​ လမ်းပြန်လျှောက်နိုင်နေပြီဆို့ပေ့မယ့် မပေါ့မပါးနဲ့မို့ သူအိမ်အောက်ကိုပင်မဆင်းစေချင်သေးပါ။

သူကြောင့် သက်ပိုင် စိတ်ဒဏ်ရနေပြီး သူကိုတွေ့လျှင် ကြောက်ရွံ မုန်းတီးနေသည့်မျက်လုံးများနဲ့ သူကိုလဲအမြဲရှောင်နေတတ်သည်။ ကောင်လေးရဲ့အပြုအမူတွေကို ရင်ထဲမကောင်းပေ့မယ့် ကိုယ်အပြစ်နဲ့ကိုယ်မို့ ဘာမှမတတ်နိုင်။

"ကိုကို... မင်းအနားမှာအရင်လိုအမြန်ဆုံးပြန်နေခွင့်ရချင်ပြီးကလေးရယ်"

>>>>>>>>>>>>>>>>>>>>>

BHONE Group.....

ဓန Company ကို အရင်လို အမြဲတော့မလာဖြစ်။အိမ်ကနေသာ တေဇ ပို့ပေးသော Mail တွေ ကိုသူစစ်ပေးဖြစ်သည်။ အရေးကြီးမှသာ သူလာသည်။

သူ ဝင်လာတာနှင့် ဝန်ထမ်းတွေအကုန် မက်တပ်ရပ်ကာ နူတ်ဆက်ကြသည်။ ဓန တစ်ချက်ဝှေ့ကြည့်လိုက်ပြီး

"အားလုံးပဲ အလုပ်လုပ်ရတာအဆင်ပြေကြရဲ့လား "

"ပြေပါတယ်boss! !!"

"အေး....လိုတာရှိရင် တေဇနဲ့မဟန်နီကို ပြောပါ။ ကူညီတောင်းစရာရှိရင်လဲ အားမနာပဲ ပြောလို့ရတယ် ဟုတ်ပြီလား..."

"ကျေးဇူး တင်ပါတယ် boss"

အားလုံးညီတူဖြေကြတော့ ဓန ပြုံးလိုက်သည်။

"ငါတို့က တစ်လှေထဲစီး တစ်ရေထဲသောက် မိသားစုတွေပဲစည်းစည်းလုံးလုံးရိုင်းပင်းကူညီပြီးနေသွားကြတာပေါ့ ကဲကဲ ထိုင်ကြ ထိုင်ကြ..."

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now