"ခင်များ ခင်များ ...ဦးမြမာန်"
" တွေ့ရတာ ဝမ်းသာပါတယ် ငါတူ.... "
"ဒါ... ဘာသဘောလဲ ဦးမြမာန်! !!
ခင်များ ယောကျ်ားဆိုရင် ကျုပ်လက်က ကြိုးကိုဖြည်ပေး""မင်း...အရင်တိုင်းပဲသိပ်စကားသိပ်များလွန်းတယ် ဓနဘုန်းအောင် "
"ခင်များ ဘာလိုချင်တာလဲ ရှင်းရှင်းပြော ငွေလား... ခင်များ ကြိုက်သလောက်တောင်း....ကျုပ်ပေးနိုင်တယ်။ ကျုပ်ကိုအခုချက်ချင်းလွှတ်ပေး!!!"
"ငါဘဝမှာ အပေါဆုံးက ငွေပဲ ဟက်!!!မင်းကို လက်စားချေဖို့
စောင့်နေခဲ့ရတာ အခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ်""ခင်များ နဲ့ကျုပ်ကြား မှာ ဘာအငြိုးမှ မရှိသလို ဘာစောက်ကြောင်းမှလဲ ရှင်းစရာ မရှိဘူးလို့ကျုပ်ထင်တယ် "
"ဒီအခြေနေထိရောက်အောင် ဖန်တီးယူရတာ ငါ့အတွက်လွယ်တော့မလွယ်ဘူး ...."
ဓန ထိုလူစကားကြောင့် တစ်ချက်တွေးစစလေးဖြစ်သွားသည်။
"ဒါဆို Site က accident ကိစ္စ ခင်များ ...ခင်များ!!လား"
" မင်းလိုဘာမှမဟုတ်တဲ့ကောင်ကြောင့် ငါတူမလေး ခုလို ဖြစ်သွားခဲ့တာငါလုံး၀မကျေနပ်ဘူး"
"ကျုပ်နဲ့ဘာဆိုင်လဲ !"
"အေး....အပေးအယူတစ်ခုတော့ရှိတယ် မင်းဘက်က ငါတူမကိုအသာတကြည်လက်ထပ်မယ်ဆိုရင်မင်းကို ငါလွှတ်ပေးမယ်။ဒါပေ့မယ့် မင်း မြန်မာပြည်ကို ပြန်ခွင့်မရှိဘူး ဒီမှာပဲနေရမယ် ...ငါ့ဘက်ကမင်းလိုတိုင်းတရစေရမယ် "
"ခင်များ စောက်ရူးပဲ!!! ရူးနေလား ကျုပ်မှာအမျိုးသား ရှိတယ် "
ဓန ဒေါသဖြစ်စွာကျုံးအော်လိုက်သည်။
"လက်ထပ် ရသေးတာမှ မဟုတ်တာ။ ဘာမှ ထူးဆန်းတဲ့ ကိစ္စလဲ မဟုတ်.... ကြာရင် လူတွေကရွံစရာ ကိစ္စတစ်ခုအဖြစ် မေ့သွားကြလိမ့်မယ်"
"ခင်များ!!ခွေးစကားမပြောနဲ့ အခု ချက်ချင်း ကျုပ်ကိုလွှတ် ခင်များကိုကျုပ်ကိုယ်တိုင်သတ်မယ် "
"ဟား ဟား ဟား!!! မင်းကအခု ငါလက်ခုပ်ထဲကရေဖြစ်နေပြီကွ! ငါဘာကောင်လဲဆိုတာ မင်းသိပါတယ်"
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်