"ဘာ.... ဘထွန်း ဆုံးပြီဟုတ်လားကိုကို "
ဓန စိတ်မကောင်းစွာ ခေါင်းကိုညိတ်လိုက်သည်။
"ဘထွန်းဆုံးသွားပြီ ကလေး"
"မဟုတ်ဘူး သားမယုံဘူး... ဘထွန်းက သားကို ဒီမနက်ထမင်းအတူစားမယ်လို့သေချာ ပြောသွားတာ မနောက်နဲ့ကိုကိုရာ... "
" တစ်ကယ်ပါ ကလေးရယ်..."
ဓန ရူန်းကန်နေတဲ့ ကလေးကိုခပ် တင်းတင်းဖက်လိုက်ရင်း ချော့ပြောရသည်။ ညထဲကသူ့စိတ်ထဲတစ်မျိုး ဖြစ်နေလို့ ဘထွန်းကို မနက်စာ စားဖို့ သူကိုယ်တိုင်သွားခေါ်ဖြစ်ခဲ့သည်။
အပြင်ခေါ် တော့ ခေါ်မရ ၊ သူလန့်သွားပြီးတံခါးကိုတွန်းဖွင့် ဝင်သွားတော့ ဘထွန်း က ကုတင်ပေါ်မှာ ပက်လက်လေး အသက်မရှိရှာတော့ပေ။
အေးအေးချမ်းချမ်း လေးပင်လောကကြီးကိုနူတ်ဆက်သွားခဲ့ပြီ။ သူလဲသိသိချင်း လုံးဝ ယူကြုံးမရခံစားခဲ့ရသည်။ သူတို့မှာ မိသားစုဝင်ဆိုလို့ ဘထွန်း ကိုတာတွယ်တာနေခဲ့ရသည်လေ ။
သက်ပိုင်အတွက် လဲဘထွန်းတို့ လင်မယားနှစ်ယောက်ဟာမိဘဆိုတာထက်ပိုခဲ့သည်။ အစစအရာရာ ကလေးကို သားအရင်းလို့ စောင့်ရှောက်ပေးခဲ့ကြသည်။
သက်ပိုင်အော်ငိုတော့ ဓနမျက်ရည်ကျမိသည်။ သူဖက်ထားတာကို ရူန်းကန်၍ခြံထဲသို့ပြေးသွားသည်။ ခဏတာစိတ်အဆင်ပြေဖို့အတွက် သူလွှတ်ပေးလိုက်သည်။
"ဘထွန်း ညာတယ် သားကိုဘာလို့ညာတာလဲ။ ထ.... ထပါဦး မနေ့ကပြောတော့ စိတ်ချမ်းသာနေပြီဆို။ သားခေါ်နေတယ်လေ။သားတစ်ယောက်ထဲအဲ့လို ထားခဲ့လို့မရဘူး ထပါဦး ဟီးအီး!!! "
နာရေး ဝိုင်းကူနေတဲ့သူတွေ မဏ္ဍပ်များ ဆင်ယင်နေကြသည်။ ဘထွန်း အလောင်း ကိုလဲ လှပစွာပြင်ဆင်ထားပေးကြသည် ။
"ကိုကို ဘထွန်းက သားကိုညာတယ်။ သားဘွဲ့ယူတဲ့နေကြရင်မိဘနေရာက မိန့်မိန့်ကြီးနေမှာဆိုပြီး အခုသားကို တစ်ယောက်ထဲထားခဲ့တယ်...ဟီးအီး !!!ကိုကို ဘထွန်းကို ပြန်ခေါ်ပေးပါ!! အီးအီး"
"တော်တော့...သက်ပိုင် သွားလေသူ စိတ်ဆင်းရဲအောင် စိတ်မဖြောင့်အောင်မလုပ်ရဘူး။ ဘထွန်း စိတ်မဖြောင့်ပဲနေလိမ့်မယ် ။ ကိုယ်တို့သူအတွက်ဘာကောင်းမူ့ကုသိုလ်လုပ်ပေးနိုင်မလဲ ဒါပဲတွေးကြစို့ ။ လာ...ဒီမှာခဏထိုင် ရေနည်းနည်းသောက်လိုက်ဦး "
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်