" တီတောင်! တီတောင်!!"
အဆက်မပြတ် မြည်နေတဲ့ဘဲလ်သံကြောင့် သက်ပိုင် ဖွင့်ပေးရမှာတွေဝေနေမိသည်။
"ဘယ်သူလဲ မသိဘူး ကိုတေဇဆို
ဖွင့်ဝင်ခဲ့မှာ"အဆက်မပြတ်တီးနေသော ကြောင့် သက်ပိုင် မဝံ့မရဲနဲ့ဖွင့်ပေးလိုက်သည်။
"ဟင် ....ကိုကို "
ကိုကို ကိုမြင်လိုက်ရတာမို့ သူအရမ်းအံသြသွားကာ သူကြောင်ပြီးရပ်ကြည့်နေမိသည်။
"ပြွတ်!"
"ဘာ..ဘာလုပ်တာလဲ "
ရုတ်ရရက်ကြီးနူတ်ခမ်းကို ပိုင်စိုးပိုင်နင်း နမ်းလိုက်တာမို့ သက်ပိုင် ခြေလှမ်းတို့နှောက်ဆုတ်သွားသည်။
'လူကိုရှင်းပြခွင့်တောင်မပေးပဲအခုမှဘာဖြစ်သွားတာလဲ '
သူလက်ရှိအခြေနေကိုနားမလည်နိုင်သေး။
"အိမ်ပြန်မယ် "
"မလိုက်ဘူးကိုကို သား မပြန်တော့ဘူး "
"သက်မင်းပိုင်!! ငါစကားကိုနှစ်ခါမပြောဘူး"
လာခေါ်တာတောင်အကျောကြီးနဲ့မို့သက်ပိုင် တစ်ဖက်သို့လှည့်ပြစ်လိုက်သည်။
"လာပါ အိမ်ပြန်ရအောင်... ကိုကို တောင်းပန်တယ် ဟုတ်ပြီလား"
"သား... ပြန်မလိုက်ချင်သေးဘူး ကိုကို "
"သက်မင်းပိုင်!!!"
ဓန အော်တော့ ကောင်လေး တုန်သွားသည်။ ဓန စိတ်သိပ်မရှည်။ချော့မော့ပြောနေရသည်မှာ သူ ၏ Type မဟုတ်။
" ကိုကို မလိုချင်လို့စွန့်ပစ်လိုက်ပြီပဲ...ကိုယ်ကိုမကြိုဆိုတဲ့နေရာကို သား....ပြန်မလိုက်ချင်တော့ဘူး
ကိုကို ""အိမ်မှာ ဘယ်သူမှမရှိတော့ဘူး"
ကိုကို စကားကြောင့် သက်ပိုင် အံသြစွာ ပြန်လှည့်ကြည့်လိုက်သည်။
"ဟင် အန်တီတို့က.... "
"ကိုယ်...မောင်းထုတ်လိုက်ပြီ"
"မောင်းထုတ်တယ်.... "
သက်ပိုင် စိတ်မကောင်းစွာခပ်တိုးတိုးလေးရေရွတ်လိုက်မိသည်။
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်