သက်ပိုင် မနက်လဲ ရောက်ရော မနဲပင်ထယူရသည်။ ညကမူးထားတဲ့အရှိန်ကြောင့်ခေါင်းတွေထိုးကိုက်ကာလူကတော်တော်ကြီး ပြိုင်းနေသည်။အခုတစ်လော လူက စိတ်သိပ်မကြည် ပျို့ချင်သလို အန်ချင်သလိုခဏခဏ ဖြစ်နေသည်။ အလုပ်ပင်ပန်းလိုထင်မိပေ့မယ့်ဒါတွေသူ့အတွက်အရေးမကြီးသလို ဂရုစိုက်နေဖို့လဲမအား။ ကိုကိုနဲ့မျက်နာချင်း မဆိုင်ချင်တာမို့အလုပ်ကိုစောစောသွားဖို့ သူပြင်လိုက်သည်။
ကုတင်တစ်ဖက်တွင် ကိုကို ကသူကိုကျောပေးကာ အိပ်နေသည်။ ကိုကိုနိုးမှာဆိုးသဖြင့်အခန်းထဲကခပ်ဖွဖွနင်းကာသူအခန်းပြန်၍ရေကိုခပ်မြန်မြန်ချိုး လိုက်သည်။
Company ကို စောနိုင်သမျှစော သွားရမည်။ခုရက်ပိုင်းကိုကိုနဲ့ မျက်နာချင်း ဆိုင်ဖို့ စိတ်ကူးမရှိသလို စိတ်ထဲမှာ အစိုင်အခဲဖြစ်နေသေးသည်။
သက်ပိုင် ရေတွေကိုသဘက်နဲ့စင်အောင်သုတ်လိုက်ပြီးpolo Tshirt အနက်ရောင်တစ်ထည်ကို ထုတ်ကာ အောက်ကpants အသားရောင်တစ်ထည်ဖြင့်တွဲ ဝတ်လိုက်သည်။ ဖိနပ်ကိုလဲ အနက်ရောင် Shoeတစ်ရံကောက်စီးလိုက်ပြီးလွယ်အိတ် ကောက်လွယ်လာခပ်မြန်မြန်ထွက်လာခဲ့သည်။
ဒီနေ့တော့ လိုင်းကားတိုးမစီးချင်တာကြောင့်Taxi ဖြင့်သွားရန်တွေးလိုက်သည်။ ကိုကို ကားဝယ်ပေးမယ်ဆိုတုန်းက သူလက်မခံခဲ့။ အခုတောင် ဒီလောက်ထိနိုမ်ချပြောဆိုခံနေရတာမို့ သူ ဘာမှထပ်မလိုချင်ပါ။ ကိုယ်ပိုင်၀င်ငွေရှိမှကားလေးတစ်စီး၀ယ်ဖို့သူတွေးထားသည်။
"ညီ...Company သွားမလို့လား"
"ဟာ...ကိုကြီး "
"ဟုတ်ပါ့ဗျာ..."
"us သွားတယ်ဆို "
"ဟုတ်တယ်... မနေ့ကမှ ပြန်ရောက်တာ။ လာ.. ကားပေါ်တတ် ကိုယ်ဗိုက်ဆာလို့"
"ဟာဗျာ.... ပြောရင်လဲ မကြိုက်ဘူး ကျွန်တော်ကိုတွေ့တာနဲ့ကိုကြီး ကဗိုက်ဆာပြီ"
"ဟား...ဟား !!ညီက ကိုယ်အတွက် အာဟာရသိန္ဒိလေး ဖြစ်မယ်"
"နောက်နေပြန်ပြီ....ဗျာ"
ရှိန်း ရှက်သွားသော ချာတိတ် ကိုကြည့်ကာ သဘောကျစွာ ရယ်လိုက်သည် ။ ကောင်လေးက တွေ့လိုက်တိုင်း အမြဲနှသစ်နေကာ အူယားစရာလေးပင်။
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်