ဒေါ်ဒေါ် တို့ရောက်မှာမို့ အိမ်တွင် အလုပ်များရူပ်နေသည်။ သက်ပိုင်ကိုလဲ ဓန မှာ မှာစရာရှိတာတွေ မှာရသေးသည်။ကောင်လေး အိမ်မှာအနေများတဲ့သူမို့ အစစရာရာဆင်ခြင်ဖို့သူသေချာမှာနေရ၏။
ဒေါ်ဒေါ် အကြောင်းကို ဓန အသိဆုံးဖြစ်၏။ ဒေါ်ဒေါ်ကမေမေနဲ့မတူ မောက်မာတတ်သလို အမြဲ ဆိုရှယ်ကြကာ လူတိုင်းကိုအထက်စီး ကဆက်ဆံတတ်သူဖြစ်သည်။
"သက်ပိုင် "
"ဗျာ...."
"ငါအဒေါ်နဲ့ ဧည်သည် တစ်ယောက် နိုင်ငံခြားကနေဒီရက်ပိုင်းရောက်လိမ့်မယ်။အိမ်မှာပဲနေမှာဆိုတော့ ပြင်ဆင် စရာရှိတာ ပြင်ဆင်ထားလိုက်အုံး။လိုအပ်တာလောက်ပဲလုပ်ပေး လိုတာထက်လဲ ပိုမရောနဲ့"
"ဟုတ်ကိုကို... ဒါနဲ့ "
"ဘာလဲ ပြောစရာရှိတာပြောလို့ရတယ်"
"လိုအပ်တာလေးတွေဝယ်ဖို့ စျေးဖိုး"
"အံဆွဲထဲမှာလိုသလောက်ယူသွားလိုက် "
"ဟုတ် ... "
ပိုက်ဆံ သူတမင်ပေးမကိုင်ထားတာ ဖြစ်သည်။ သူဘဝကို သူသိဖို့ နဲ့ အရာရာ အလကားမရဘူးဆိုတာတာသိဖို့လိုသည်။ ကြိုစား ချင် စိတ်ရှိလာအောင် လဲ ဖြစ်သည် ။ကောင်လေးကရောထိုသို့တွေးပါမလားတော့သူမသိ။ သူအနိုင်ယူ ဗိုလ်ကျနေတယ်လို့ပဲ ထင်နေမလား။ ဒါဆိုရင်တောင်သူမတတ်နိုင်။
"ငါ အခုကုမ္မဏီသွားမှာ မင်းကျောင်းသွားမှာမလား ။ ငါကျောင်းမှာဝင်ချပေးခဲ့မယ် ။ မင်း ပြီပြီလား "
"ဟုတ်... လွယ်အိတ်ယူပြီးရင် ပြီးပါပြီခင်မျ"
မေမေ ဆိုဆုံးမ မူတွေကြောင့် ကောင်လေးက အရင်ထဲကယဥ်ကျေးသည်။ ကြီးကြီးဆွေနဲ့အနေများခဲ့လို့ထင် နူးညံ့သလို အိမ်မူကိစ္စလဲနိုင်သည်။
ကောင်လေးပြေးဆင်းလာတော့ ဓန ရုတ်တရက် ကြည့်လိုက်မိသည်။ အရင်ကသတိမထားမိခဲ့ပေ့မယ့်ဒီနေ့တော့သူကြည့်မိသွားသည်။ ကောင်လေးက လည်ကတုံး အဖြူလေးနှင့် ပုဆိုးအပြာလေးနဲ့မို့ လိုက်ဖက်သပ်ရပ်ကာမြင်သူငေးချင်စရာလေးဖြစ်နေသည်။
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်