ပြသာနာဖြစ်ပြီးတဲ့နေ့ကစပြီး ကိုကို နဲ့သူ မျက်နှာချင်းဆိုင်မတွေ့ဖြစ်တော့တာဒီနေ့နဲ့ဆိုသုံးရက်ရှိခဲ့ပြီ။ သက်ပိုင် လဲနေ့စဥ် ကိုယ့်ဝတ္တရားကိုယ်လုပ်ကာကျောင်းသို့ပုံမှန်သွားသည်။ကိုကိုကလဲ သူအလုပ်သူလုပ်သည်။တမင်ရှောင်နေတာမျိုး မဟုတ်ပေ့မယ့် တစ်အိမ်ထဲနေပြီး တမင်မတွေ့ တာမျိုးလဲဖြစ်နိုင်သည်။
သက်ပိုင် ကျောင်းကပြန်ရောက်ပြီးမကြာ ပျင်းသလိုရှိလာတာနဲ့ခြံထဲရှိမေမေချစ်တဲ့ ပန်းပင်လေး တွေ
ကိုရေလောင်းနေမိသည်။ထိုစဥ်
ကိုကို ကားဝင်လာတာမို့ သက်ပိုင် အလိုက်တသိ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည် ။"သက်ပိုင် !! သက်မင်းပိုင် "
ဓန တံခါး ကိုဒီလောက်တစ်ဒုန်းဒုန်းထုကာအော်ခေါ် နေတာတောင်ချက်ချင်းပွင့်မလာ၍ စိတ်ကတိုရပြန်သည်။
"ငါ ဒီလောက်ခေါ်နေတာ မကြားရအောင် မင်းဘာလုပ်နေတာလဲ "
"သန့်စင်ခန်း၀င်နေလို့ပါ။ ဘာခိုင်းစရာရှိလို့လဲ "
"မရှိဘူး!!"
"အော်...ဟုတ်"
သက်ပိုင် ပြန်လှည့်၀င်ရန်ပြင်လိုက်သည်။
ဓန စိတ်ဆိုးရခက်ရယ်ရခက်နဲ့မျက်မှောင်ကြုံလိုက်ပြီး ကောင်လေးရဲ့ ဂုတ်ကအင်္ကျီစကို လှမ်းဆွဲလိုက်သည်။
"ကျစ်!!ဒီည Dinner သွားစရာရှိလို့ မင်းလိုက်ခဲ့ "
ကိုကို စကားကြောင့် သက်ပိုင် ကြောင်ကြည့်လိုက်မိသည်။Company ပြန်လာခါစ ကိုကိုမျက်နှာက အနည်းငယ်နွမ်းနေပေ့မယ့် ခန့်ညားနေဆဲပါ။ မျက်မှောင်အနည်းငယ်ကျုံထားတတ်တာကလွှဲရင် ကိုကို ကသူ့အတွက်ကြည့်ကောင်းလွန်းသည်။
"ဒါနဲ့ လူလိုသူလိုတော့ဝတ်ခဲ့နော်"
'ဘယ်သူက Dinner ပွဲလိုက်ပြီ သူတောင်းစား လို ဝတ်ခဲ့မှာလဲ အံသြပ '
သက်ပိုင် စိတ်ထဲကနေပြောလိုက်မိပေ့မယ့် အပြင်တော့ထုတ်မပြောဖြစ်။
နူတ်ခမ်းအနည်းငယ်စူသွားတဲ့ကောင်လေးမျက်နှာကို ကြည့်ကာ ဓန ရယ်ချင်လာတာမို့ တစ်ဖက်သို့လှည့်လိုက်သည်။ ချက်ချင်းပင်
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်