ဓန ဒေါသတွေကိုထိန်းချုပ်ရင်းကားကိုတရကြမ်းမောင်းခဲ့ရာအိမ်သို့ဘယ်လိုပြန်ရောက်လာလဲတောင် သတိမထားမိချေ။
သူအိမ်အပေါ်ထပ်သို့ပြေးတက်ကာတံခါး ကို ဆောင့်ပိတ်ရန်ပြင်လိုက်စဥ် ကောင်လေးက ပြေးလာပြီးသူ့လက်ကို ဆွဲထားသည်။
"ကိုကို! ထင်သလိို မဟုတ်ပါဘူး။ သားလဲဘာဖြစ်သွားမှန်းတစ်ကယ်မသိတာပါ။ သားရှင်းပြတာကို နားထောင်ပေးပါဦး "
"ဖယ်စမ်း!!!သက်မင်းပိုင် မင်းကိုငါမသတ်မိခင် မင်းရဲ့ရွံ့စရာကောင်းတဲ့လက်တွေနဲ့ငါကိုလာမထိနဲ့ ဖယ်စမ်း!"
"ဟင်အင့် မဟုတ်ပါဘူး ကိုကိုရယ် သားကိုကြည့်ပါအုံး "
"ငါမျက်စိနဲ့ တပ်အပ် မြင်ခဲ့တာကိုမင်းက ငြင်းချင်သေးတာလား သက်မင်းပိုင် ။ မင်းက မင်းအမေ ရဲ့ ဗီဇ ပါလာတယ်ထင်တယ် ။ငါဘက်ကအကောင်းဆုံးပြင်ဆင်နေပါလျှက်မင်းနဲ့အဆင်ပြေဖို့အကောင်းဆုံး ငါကြိုးစားနေတာကိုသိသိကြီးနဲ့ မင်းမို့ လုပ်ရက်တယ်ကွာ တောက်! မင်း...မင်းကွာ "
ကိုကို သူရင်ဘတ်ကိုဆောင့်တွန်းရင်းဆိုလာသည်။ ကိုကို ရဲ့အကြည့်တွေကကြောက်စရာကောင်းလွန်းသဖြင့် ပိုင်လေး ခင်မျာ တစ်ဆတ်ဆတ်တုန်နေရှာသည်။
"မဟုတ်ပါဘူး ကိုကိုရယ် သား အခုအရမ်းနေရခက်နေတယ် ။ ခဏလေးစိတ်အေးအေးထားပြီး သားရှင်းပြတာကိုအရင် နားထောင်ပေးပါ"
"မပြောနဲ့ တစ်ခွန်းမှ မပြောနဲ့ ထွက်သွား သွား!!!!! "
"ဒုန်း! !!!"
ဓန ကောင်လေးကို ဆောင့်ဆွဲထုတ်လိုက်ပြီး တံခါး ကို ဆောင့်ပိတ်လိုက်သည်။ အခန်းအတွင်းရှိ ပစ္စည်း များအား ရိုက်ခွဲဖျက်စီးပြစ်လိုက်ပြီး သူရဲ့ဒေါသတွေကို နံရံပေါ်ပုံချလိုက်သည်။ နံရံကို လက်သီးနဲ ဘယ်နှစ်ချက်မှန်း မသိ သူဆက်တိုက်ထိုးနေမိသည် ။ပူပြင်းကျိန်းစပ်လာပေ့မယ့်သူ မရပ်မိ။
"လုပ်ရက်လိုက်တာကွာ"
သူ့နူတ်ကနေ ရင်ကျိုးမရဆိုမိသည်။သူအရာရာ နားလည်ပေးဖို့ ပြင်ဆင်နေတာဟာ ဒီကောင်လေးကို သိပ်ချစ်မိသွားခဲ့လို့ ။ ဒီကောင်လေးအတွက်သူအရာရာကို ပေးဆပ်ရင်းနေသွားမယ်လို့တွေးထားခဲ့ပေ့မယ့် အခုတော့။
![](https://img.wattpad.com/cover/336729164-288-k608483.jpg)
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်