ဓန သက်ပိုင်ကို ကားပေါ်ကဆွဲချကာ လက်ကို တင်းကျပ်စွာဆွဲကိုင်၍အိမ်အပေါ် ထပ်သို့ မပြေးရုံတစ်မယ်တက်လာခဲ့သည် ။ ဓန ဒေါသစိတ်နဲ့ သဝန်တိုစိတ်တွေရောထွေးကာ
ဘာကိုမှ မမြင်တော့ပေ။"ဟဲ့ ဟဲ့!! ဘာဖြစ်လာကြတာလဲ။ အကုသိုလ်ကောင်လေး ဘာပြသာနာ ရှာလိုက် ပြန်ပြီလဲ မသိဘူး.. "
ဓန သက်ပိုင်ကို အခန်းထဲဆောင့်
သွင်းကာ တံခါးကို ခြေထောက်ဖြင့် ဝုန်းခနဲ ဆောင့်ပိတ်ပြစ်လိုက်သည်။
ဒေါ်ခင်ခင်မင်း အပြင်ကနားထောင်သော်လဲ အခန်းတွေက အသံလုံစနစ်တွေနဲမို့ ဘာမှမကြားရ။"သက်မင်းပိုင်!!! မင်းငါ့ကို ဘာ
စောက်ချိူး ချိုးနေတာလဲ ""သားလက်ကို လွှတ်!!ဘာစောက်ချိုးမှ မချိုး ဘူး။ လမ်းလျှောက်နေတာ ကိုကို မမြင်ဘူးလား "
"ဘာကွ!!! ငါမြင်လို့ပြောနေတာပေါ့ကွ ။အဲ့ကောင်နဲ့ အဲ့လိုသွားတာ မကြိုက်ပါဘူး လို့ ငါဘယ်နှစ်ခါပြောမှ မင်းစောက်မှတ်ရှိမှာလဲ "
"သားတို့ကရိုးရိုးသားသား "
သက်ပိုင်ရဲ့ အေးတိအေးစက်ပုံစံက ဓန စိတ်တွေကို ပို၍လောင်စာထည့်နေသလိုပင်။
"တိတ်စမ်း!!! ဘာကိုရိုးသားတာလဲ။ ကိုကြီး နာသွားသေးလားတဲ့ ။အဲ့ကောင်က မင်းလင်မို့လို့လား ဟမ်!။ ငါကိုတောင် စောက်ဂရုမစိုက်နိုင်ရအောင် အဲ့ကောင်ကမင်း လင်လားလို့!! "
"ကိုကို.... သက်ပိုင် ကိုစော်ကားတာတွေအရမ်း များနေပြီ နော်။ သည်းခံတယ်ဆိုပြီ တမင်သတ်သတ်နိုင်နေတာလား "
"မင်း!!!"
"ကိုကို တောင် မတော်ရသေးတဲ့ မယားနဲ့ မအားတာ သားက အားတဲ့သူနဲ့ သွားတာဘာဖြစ်လို့လဲ "
"သက်မင်းပိုင်!!မင်းပါးစပ်ပိတ်ထား!"
ဓန အော်လိုက်တော့ သက်ပိုင် တုန်သွားကာ မျက်ရည်လေးတွေပါဝဲတက်လာသည်။
"လာမအော်နဲ့ မှန်တာပြောတာ "
"မင်းအခုငါ့ကိုပြန်ခံပြောနေတာလား ။ငါကမင်းလင်ဆိုတာရောမင်းအမှတ်ရသေးရဲ့လား "
"အော်ဟော် ...ကိုကိုသတိရသေးလို့ တော်ပါ သေးတယ်။ဟိုမိန်းမရောက်ထဲက မေ့သွားပြီးလား လို့ "
STAI LEGGENDO
"အငြိုးတွေသာပြယ်စေသား"(Complete)
Storie d'amoreအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်