အပိုင်း(33)💨

30.6K 854 83
                                    


မြတ်မင်းထင် ခင်မျာ စကားမပြောသူကြောင့် တစ်လမ်းလုံးမျက်နှာငယ်နဲ့ လိုက်လာရရှာ၏။ ရှိန်း မျက်နှာကလိုတာထက်ပို၍တင်းမာနေသည့်ပုံမို့ စကားလဲစမပြောရဲသလိုဘာအပြစ်လုပ်ထားမိပါလဲသူမမေးရဲ။

သူကို လာကြိုတယ်လဲ ပြောသေးသည် တစ်ယောက်ထဲ ထားကာ ထွက်ပြေးသွားသည်။ သူ မှာမနဲမှီအောင်ပြေးလိုက်ခဲ့လို့သာကားပေါ်ပါလာတာဖြစ်သည်။

"Cow!  Cow လို့... "

"ခင်များ ပါးစပ်ကို ပိတ်ထားလို့ပြောနေတယ်နော်!! "

"ဘာလို့ စိတ်ဆိုးနေရတာလဲ Cow ....ရာ "

"ခင်များ ခင်များ! !!စောက်ခွက်မစုတ်ချင်ရင် ပါးစပ်ကိုပိတ်ထား
နော်! "

ကိုထိုက် နောက်ခန်းတွင်ထိုင်နေသော ဆရာနဲ့ ဦးမြတ်မင်းထင် ကို ကြည့်ကာ ပြုံးစိစိဖြစ်နေတော့သည်။ လိုက်လဲ လိုက်တဲ့အတွဲ ပါပေ ။

"Cow...ကိုယ် ဘာလုပ်မိလို့လဲ ကွာ "

"ဦးမြတ်မင်းထင်! !!!!"

စူး၀ါးစွာထွက်ပေါ်လာတဲ့အသံ
ကြောင့် မြတ်မင်းထင် မှာ နေမထိထိုင်မသာ ။

"....."

"ခင်များ စောက်ပါးစပ် ထဟလာရင် ကားပေါ်ကနေ ကန်ချပြစ်မယ်"

"အို ငရဲတွေတော့ ကြီးကုန်တော့မှာပဲ Cow လေးရယ် ပိတ်ထားဆိုပိတ်ထားပါ့မယ့် စိတ်ကိုတော့လျှော့ပါ နော် ...နော်Cow ....."

"တောက်!!!"

ရှိန်း ဆက်ပြောနေလဲ ပိုဒေါသထွက်ရုံသာရှိသည်မို့ ကားကို အရှိန်တင်စေ ကာ အိမ်သို့ အမြန်မောင်းစေလိုက်သည်။   ပေါ်တီအောက် ရပ်ရပ်ချင်း ကားတံခါး ကို ဆောင့်ဖွင့်ကာ အိမ်ထဲသို့ ခြေလှမ်းကျဲ များဖြင့်ဝင်ရောက်ကာ ဆိုဖာပေါ်သို့ပစ်ထိုင်လိုက်သည်။

"ဟဲ့! သား ဘာဖြစ်လာတာလဲ မြတ်ကလေးရော သား သွားကြိုတာမဟုတ်လား "

"တော်စမ်းပါ.... ဘာမြတ်ကလေးလဲ မာမီနော် သူအသက်က မာမီထက် အလွန်ဆုံးငယ် ဆယ်နှစ်ပဲ "

"အော် ဒီကလေးနှယ် "

"မာမီ... "

ချွဲပြစ်စွာ ထွက်ပေါ်လာတဲ့ အသံ။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now