သက်ပိုင် မျက်လုံးတွေကိုမဖွင့်ချင်ပေ့မယ့်အားယူကာဖွင့်ရသည်။အိပ်ယာမှ ဖြည်းဖြည်းချင်း ထလိုက်ပေ့မယ့် လူက မိုက်ကနဲ။
"အ့ကျစ်!! နာလိုက်တာ.."
သူ့ဘ၀မှာညည်းနေရုံနဲ့မဖြစ်သေး။ ကျောင်းကိုလဲမဖြစ်မနေသွားရအုံးမည်။ ရေချိုးခန်းထဲသို့ ကမန်းကတမ်း၀င်ကာ ရေအမြန်ချိုးလိုက်သည်။
ရေချိုးခန်း အတွင်းရှိ မှန်တွင် မြင်နေရသော သူခန္ဓာကိုယ်မှာ တစ်စက်မှ မြင်၍မကောင်း။ ကိုက်ရာဗလပွနဲ့ အနီကွက်တွေကညိုမဲတဲ့ ဘက်ကိုပင်ရောက်နေသည် ။
"ကိုကို ကျွန်တော်အပေါ်မကောင်းဘူးဗျာ.."
တစ်ရှိန်းရှိန်းတတ်လာသော ကိုယ်အပူချိန်ကို သတိထားမိပေ့မယ့်လျစ်လျူရူထားလိုက်သည်။ကိုကိုအတွက် မနက်စာခပ်မြန်မြန်ပြင်ပေးပြီး လိုအပ်တာများ ကောက်ထည့်၍ ကားအမှီ သူ ထွက်လာခဲ့သည်။
ခြံထဲတွင် ကား အပိုရှိသော်လဲကိုကို ကတမင်ပေးမစီး။ အရင်ကအသက်မပြည့်သေးလို့ မစီးခဲ့ရပေ့မယ့်အသက်ပြည့်တော့ လဲကိုကိုက မသိချင်ယောင်ဆောင်ထားသည်။ ပြန်ကြားသည်က အကျင့်ပါမှာဆိုးလို့တဲ့။
သက်ပိုင် ပြန်တွေးတိုင်းရယ်ချင်မိသည်ထိအောင့်သက်သက်ဖြစ်ရသည်။ ဒါကြောင့်တစ်ခွန်းမှမဟပဲ YBS 200 ပေးကာ သူနားအေးပါးအေး စီးသည်။
ကျောင်းကိုရောက်တော့လဲလူကခေါင်းတွေကမူးနေသည့်အပြင် အောက်ပိုင်းကလဲ လျှောက်လိုက်တိုင်းအသည်းခိုက်မတတ်နာကျင်မူ့ကိုခံစားနေရသည်။အတန်းထဲသို့ဖြည်းဖြည်းချင်းဝင်လာကာ နေရာမှာဝင်ထိုင်လိုက်၏။
"ဟဲ့!! သက်ပိုင် ငါတို့ကမျှော်နေ
တာ "သက်ပိုင် အပြုံးနှင့်သာတုန့်ပြန်တော့ လူကဲခတ်တော်သည့် သူဇာမ က နဖူးကိုချက်ချင်းလှမ်းစမ်းသည်။
"ဟင် သက်ပိုင် နေမကောင်းဘူးလားမျက်နာတွေကအရမ်းနီနေတယ်။ မှန်း ငါစမ်းကြည့်မယ် "
သူဇာမ ကလျှင်မြန်လွန်းသည့်မို့သူ့ရှောင်ချိန်ပင်မရလိုက်။
CITEȘTI
"အငြိုးတွေသာပြယ်စေသား"(Complete)
Dragosteအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်