part 3

3.2K 280 2
                                    

နွေရာသီ၏မနက်ခင်းနေရောင်ခြည်ဟာ ခပ်နွေးနွေး‌ကျရောက်လို့လာလေပြီ။
လက်တွင်ပတ်ထားသည့်နာရီကိုတစ်ချက်ငုံ့ကြည့်မိရင်း အရှေ့ကကလစ်ဆိုင်ကယ်လေးအား ကြည့်မိလိုက်၏ ထိုစဉ်မှာပင် အကွေ့တစ်ခုထဲ ချိူးဝင်သွားတာကြောင့် သွေးလည်းအမြန်ကွေ့ချိုးကာလိုက်ဝင်သွားလိုက်သည်။

နှောပင်ရွာမှကြိုဆိုပါ၏

ထိုဆိုင်းဘုတ်လေးကို မြင်လိုက်ရချိန်မှာ သွေး အတော်လေး‌ဝမ်းသာသွားရသည်။ နောက်ဆုံးတော့ အရဲစွန့်ပြီးလိုက်ခဲ့တာ တန်သွားပြီမဟုတ်လား။ ရွာသို့ဝင်ဝင်ခြင်းပင် အိမ်တွေဘာတွေမတွေ့ရသေး ၊ ထူးထူးဆန်းဆန်း ထန်းပင်အမြင့်ကြီးတွေသာတန်းစီနေသည်။ ပင်စည်အမဲရောင်တုတ်တုတ်ရှည်ရှည်နှင့် အထိပ်တွင်သာအရွက်ရှိသည့်အပင်သည် ထန်းပင်ဟုခေါ်သည်။ယွန်း တစ်ယောက်ငယ်ငယ်တုန်းက ရိုက်ထားသည့်ပုံအများစုမှာ သည်လိုအပင်ကြီးတွေ၏ဘေးမှာသာရပ်၍ရိုက်ထားသည်က များလို့ရင်းနှီးနေခြင်းဖြစ်၏

ဘေးဘက်ကိုစောင်းငဲ့ကြည့်မိလိုက်တော့ မြင်ရသည့်မြင်ကွင်းသည် သွေးအားမှင်သက်သွားစေခဲ့သည်။ လုံးဝ ရှင်းလင်းနေသည့် လယ်ကွင်းတွေ ၊ ဘာအပင်မှစိုက်ပျိုးထားခြင်းမရှိသေးဘဲ ကွက်လပ်တွေသာဖြစ်နေသည်မို့ အမြင်ဆန်းနေ၏ သွေး သဘောကျစွာဖြင့် မျက်လုံးတွေဟာ‌ခေတ္တ
စုံမှိတ်လိုက်ရင်း အညာမြေ၏လေကို ရှုရှိုက်နေမိသည်။

"ပြောရရင်ကွာ ဒီရန်ကုန်မြို့က လေနဲ့ အညာမြေကလေ နဲ့ကရှုရှိုက်ရတာချင်းအတူတူတောင် လုံးဝကိုမတူတာကွာ ။"

ဘာရယ်မဟုတ် သည်အခိုက်မှာယွန်း၏ ကြွားလုံးထုတ်မှုကိုကြားယောင်မိသည်။ ကိုယ်တိုင်ခံစားလိုက်ရမှ ယုံချင်သွားရ၏ အမှန်တကယ်ဘဲ ခြားနားစွာကွဲထွက်နေသည်မဟုတ်လား။

သွေး အရှိန်တင်လိုက်ကာ ရှေ့ကဆိုင်ကယ်လေးအားအမှီမောင်းလာလိုက်သည်။ထိုအခါ တန်းတူယှဉ်လျက်အနေအထားဖြစ်သွားသည်မို့  ဖြည်းဖြည်းနှင့်ပုံမှန်မောင်းနေသော မိန်းကလေးဟာ စောင်းငဲ့ကြည့်သည်။ သူမ မျက်နှာပေါ်တွင် နေရောင်ဟာခပ်နွေးနွေးလေးကျရောက်နေသည်မို့ အပြစ်မရှိသည့်ထိုနေရောင်ကိုပင် မနာလိုဖြစ်မိပါ၏ မျက်လုံးချင်းစုံသည်နှင့် လှိုက်လှိုက်လဲလဲပြုံးပြလာသော သူမကြောင့်အလိုလိုနေရင်း လိုက်ပြုံးမိပါသည်။

အချစ်ရှိရာ အညာမြေWhere stories live. Discover now