"သွေး ရရဲ့လားဟင် ။ ငါတို့ မလိုက်တော့ပဲ အိမ်မှာပဲ နေခဲ့ကြမလား ။"
ပုခုံးကို လာရောက်ကိုင်ရင်း ဂရုဏှာသံဖြင့် မေးလာသည့် အမေးအား ပြန်မဖြေနိုင်သေးပါပဲ မလှမ်းမကမ်းက ပုံရိပ်လေးနှစ်ခုကိုသာ ငေးမောနေမိ၏မနက်မိုးလင်းတာနှင့် သူတို့ ဘုရားသွားရန် ပြင်ဆင်နေတုန်းမှာပင် ခြံအပြင်ဘက်သို့ ထိုးရပ်လာသည့် ခွေးဘီလူး တစ်စီး။ ထိုကားပေါ်မှ ဆင်းလာသူဟာ အမျိူးသား တစ်ယောက်ဖြစ်နေပြီးအရပ်ခပ်မြင့်မြင့် အသားမဲမဲ သည်လူသည် သပ်ရပ်တောက်ပြောင်သော အဝတ်အစားတို့ကြောင့်သာ ကြည့်ကောင်းနေသည်ဟုထင်သည် ။ဒါ့အပြင် တိုစိစိနှုတ်ခမ်းမွှေးတွေဟာလည်း အမြင်မတင့်တယ်စွာ မဲနက်နေ၏ အစိတ်အပိုင်းတစ်ခုချင်းစီအားသေချာစေ့စေ့ကြည့်ရင်း ပို၍ပို၍အလိုမကျလေ ဖြစ်ရသည် ။
မြတ်နိုးရသူ အမျိုးသမီးနှင့် ပြုံးရွှင်ကာ စကားပြောနေကြသော သည်လူသည် ရိုးပုံမပေါ်ပေ ။ အကြည့်တွေဟာ စူးရှသည် ။ အပြုံးတွေဟာ ပကတိရိုးသားခြင်းရှိမနေ ။
သူတို့အား ဘုရားသို့လိုက်ပို့ပေးမည် ဖြစ်ကြောင်း ယွန်း၏ဖေကြီးကပြောတော့ သွေး လုံးဝကို စိတ်ပျက်သွားမိသည် ။
"မောင်မင်းမြတ် ။စောင့်ရတာ ကြာသွားပြီလားကွ ဟေ ။ အားနာလိုက်တာ ...။"
အိမ်ထဲမှ ထွက်လာရင်း ယွန်း၏ဖေကြီးဟာ ရယ်မောရင်းပြောလေ၏
"ရပါတယ် ဦးလေးရယ် ။ကျွန်တော်က အားနာရမယ့်လူမှမဟုတ်ပဲဗျာ ။"
"သွေး ။ "
ထိုလူ့အား မမှိန်မသုန် ငေးစိုက်ကြည့်နေရာကနေ ယွန်း၏ အသံကြောင့် မျက်နှာလွဲလိုက်ရသည် ။ တောက်စ် ၊ ဝတ်လာတာက အပြာရောင် စပို့စ်ရှပ် ၊ ဒါ တမင်သက်သက် ကြံစည်ထားတာပဲ ။"
ဒီနေ့မှ သွေး၏မမယွန်းသဒ္ဓါသိမ့်သည်လည်း အပြာရောင်ပါတိတ်လုံချည်ဝမ်းဆက်ကလေးကို ဝတ်ဆင်ထားလေသည်မို့ ပိုလို့ပင် ဒေါသဖြစ်မိသည် ။
"ဟဲ့ သွေးလို့ ။ လိုက်မှာလား ၊မလိုက်ဘူးလား ။ဟိုမှာ မမတို့ကသွားတော့မှာ ။"
ယွန်း၏ အသံကြောင့် ခြံဝကိုလှမ်းကြည့်လိုက်တော့ သူတို့တွေဟာခြံဝသို့ပင် ရောက်နေနှင့်ပြီ ။

YOU ARE READING
အချစ်ရှိရာ အညာမြေ
Paranormalအချစ်အတွက်သာဆိုရင် လယ်ပဲစိုက်ရစိုက်ရ ကျားပဲဖမ်းရ ဖမ်းရ သွေး မမှုပါဘူး ။ အဓိက မယွန်းသဒ္ဓါသိမ့် နဲ့ပေါင်းရဖို့ပဲ ။ #ခွန်းစစ်လွန်းသွေး