ညရောက်တော့ ယွန်း၏သူငယ်ချင်းတစ်စုဟာ ရောက်လာလေ၏ ယွန်းကဖော်ဖော်ရွေရွေဧည့်ခံရင်းနဲ့ သွေးတို့ကိုပါမိတ်ဆက်ပေးလေသည်။
"သူသူနဲ့မိစု ဒါကငါကျောင်းတက်တုန်းကခင်လာတဲ့သူငယ်ချင်းတွေပေါ့ ၊ ဒီဘက်က ခွန်းစစ်လွန်းသွေး တဲ့ ၊ သူက ဘုန်းသက်ဇူးမောင် ၊ဟိုဘက်ကတစ်ယောက်ကတော့ လွင်ဖူးခတ်တဲ့ မှတ်ထားကြနော် "
"နင်တို့လည်းမှတ်ထားကြအုံး သူက စုစုစံ ၊ဟိုဘက်ကတစ်ယောက်က ယမင်းသူတဲ့ ။ဟို ငနှာကတော့ နင်တို့သိပါတယ် အောင်ထွေးလေ ။
ယွန်းက အပီအပြင်ဖဲ့လိုက်တော့ အောင်ထွေးဆိုတဲ့ကောင်ဟာ မျက်နှာကြီးရှုံ့မဲ့သွားလေသည်။
"ငင့် မိယွန်း နင်နော်။ဘာငနှာလဲ ၊ငါက မမသိမ့်ကိုဘဲကြောင်တာပါနော် ။"
သည်လို စကားနှင့်၊သည်လိုမျက်နှာပြောင်တဲ့ကောင်အား သွေး လုံးဝကြည့်မရပေ ။ သူတို့နှင့်မလှမ်းမကမ်းမှာရေနွေးကြမ်းသောက်နေကြတဲ့ ယွန်း၏မိဘတွေရှိနေတာတောင် ဘယ်လိုတောင်အရှက်မရှိတဲ့လူပါလိမ့်။
"သွားသေလိုက် ကောင်စုတ်။နင့်လိုငနှာကောင်နဲ့
နဲ့ငါ့မမကိုလုံးဝသဘောမတူနိုင်ဘူးနော် ၊"!မတုံ့မဆိုင်းပြန်ဖြေသည့် ယွန်း၏စကားကိုကြားတော့ အနည်းငယ်ကျေနပ်သလိုရှိသွားရ၏
"တွေ့ရတာဝမ်းသာပါတယ်တော် ။ ကျုပ်တို့ကို မိယွန်းကိုခင်သလိုခင်နိုင်ပါတယ်။"
"ဟုတ်ကဲ့ ။ ခင်ပါတယ်ရှင့်။ခေတ်တို့လည်း အညာမှာသူငယ်ချင်းရတာပေါ့။ "
ခေတ်က ယွန်း၏သူငယ်ချင်းနှစ်ယောက်နဲ့ခနလေးအတွင်းပင်ရင်းနှီးသွားပြီး မောင်တစ်ယောက်ကလည်းအောင်ထွေးဆိုသည့်ကောင်နဲ့အဖွဲ့ကျနေသည်မို့ သွေး စိတ်ပျက်မိသည်။
"ဟဲ့ သွေး မေးနေတာဖြေလိုက်အုံးလေ။"
"ဘာမေးတာလဲ ။"
" ဘာဆပ်ပြာခဲသုံးတာလဲလို့ပါတော် ။ တစ်ကိုယ်လုံးဖြူဖွေးနေလို့လေ ၊ ကျုပ်တို့လည်း ဝယ်သုံးချင်သုံးရအောင်လို့ ။"
စုစုစံဆိုသည့် ကောင်မလေး၏စကားကြောင့် သွေး မျက်မှောင်ကျုံ့လိုက်မိသည်။ အကုန်ပြုံးစိစိဖြစ်နေကြသည့် သူငယ်ချင်းတွေအား ဘုကြည့်ကြည့်မိလိုက်သည်။

DU LIEST GERADE
အချစ်ရှိရာ အညာမြေ
Übernatürlichesအချစ်အတွက်သာဆိုရင် လယ်ပဲစိုက်ရစိုက်ရ ကျားပဲဖမ်းရ ဖမ်းရ သွေး မမှုပါဘူး ။ အဓိက မယွန်းသဒ္ဓါသိမ့် နဲ့ပေါင်းရဖို့ပဲ ။ #ခွန်းစစ်လွန်းသွေး