Part 9

3K 238 6
                                    

မနက်မိုးလင်းပါပြီဆိုကတည်းက သွေး တစ်ယောက် တက်ကြွနေမိသည် ။ ယနေ့ မနက်စောစော ဆိုင်ကယ်ပတ်စီးမည်ဟုပြောထားကြသည်မဟုတ်လား ။ ထို့ကြောင့် အိပ်ယာထဘာမှပြင်ဆင်မနေတော့ဘဲ ကျောလယ်လောက်ရှိသည့် ဆံပင်တွေအား စုစည်းကာ တီရှပ် နီညိုရောင်နှင့် ဒူးအထက် ရှိသည့် ဘောင်းဘီအတိုလေးသာ ပေါ့ပေါ့ပါးပါးလဲလိုက်မိသည်။ ဒီလို ပုံစံသည် သွေး၏ အိမ်နေရင်း ပုံစံပင်ဖြစ်၏

ဘာမှ မပြင်မဆင်ရသေးဘဲ အခန်းထဲမှ ထွက်လာသည့် ယွန်းကြောင့် သွေး တို့ကွပ်ပျစ်ပေါ်တွင်ထိုင်စောင့်နေရာမှ လှမ်းကြည့်မိသည် ။

"ယွန်း ခေတ်ကော ၊နင်တို့ ဘာမှမပြင်ဆင်ရသေးဘူးလား ။

"အင်း ။ ခေတ်က ခုထိအိပ်လို့ကောင်းတုန်း ၊မနေ့ညက သူမအိပ်ရဘူးလေ ညကသရက်သီးသုတ်တွေနင်းကလန်စားပြီး ဝမ်းလျောနေတယ် ၊

"ဟာ အဲ့ဒါဆို ဘယ်လိုလုပ်ကြမှာတုန်းဟ "

မောင့် ၏စိတ်ပျက်လက်ပျက် အပြောကြောင့် ယွန်းက သက်ပြင်းချလိုက်ရင်း

"ရတယ် ။ ငါ ခေတ်နဲ့နေခဲ့လိုက်မယ် ၊ သူအခုတော့ သက်သာသွားပါပြီ ၊ မမ ညက ကြည့်ပေးထားတယ်လေ ၊ မမ ပေးတဲ့ဆေး သောက်ပြီးမှဘဲ သူလည်းအေးဆေးအိပ်နိုင်တော့တာဘဲ ။"

"ဘာမှ နောက်ဆံတင်းမနေကြနဲ့ ၊သွားစရာရှိတာသွားကြ ၊ မနက်ဖြန်ဆိုရင်ဘဲ ပြန်ရတော့မှာမို့လား ။"

ထိုစကားကိုကြားတော့ သွေး ပြောမည့်စကားတွေသည် လေထဲသို့ရပ်တန့်သွားလေသည် ။ တကယ်ဆို လူမစုံရင် မသွားတော့ဘူးလေ ဟု သူပြောမလိုပင် ၊သို့သော် မနက်ဖြန်ဆိုရင်ဘဲ မြို့ကိုပြန်ရတော့မည် ၊ ဒီနေ့လေးသာပြီးဆုံးသွားခဲ့ရင် မြို့ကို တကယ်ကြီးပြန်ရတော့မည်။

"မမ  သွေးနဲ့မောင့်ကို လိုက်ပို့လိုက်ပါအုံး ၊ လူမစုံတော့ ဒီကောင်တွေက အင်တင်တင်ဖြစ်နေကြတာရယ် ၊

အခုမှ အိမ်ထဲကနေ ကျော့ကျော့လေးထွက်လာသည့် မယွန်းသဒ္ဓါသိမ့် ကြောင့် တွေတွေလေးငေးကြည့်နေမိသည်။

"အင်းပါ ။ညီမလေးရဲ့ ၊
ဒါနဲ့ ခေတ်‌ကိုလေ မမ ညကပေးထားတဲ့ ဆေးလေးသာ ဝင်အောင်တိုက်လိုက်အုံးနော် ၊ "

အချစ်ရှိရာ အညာမြေWhere stories live. Discover now