"ဘာ! တစ်ခန်းထဲကို နှစ်ယောက်ပေါင်းနေရမယ် ဟုတ်လား ။"
" အခန်းက တစ်ခန်းပဲရှိတာ သဏ္ဌန် ။"
ကျွစ် တစ်စုတ်စုတ်နှင့်အလိုမကျဖြစ်နေသည့် သဏ္ဌန့်ကြောင့် သွေး ခေါင်းကိုက်ချင်လာသည် ။ ဖြစ်ပုံကတော့ ဒီအိမ်မှာအခန်းလောက်လောက်ငှငှ မရှိခြင်းကြောင့်သာ ၊ သွေး တို့သူငယ်ချင်းတွေလာတုန်းကတောင် အခန်းမရှိ၍ ယောကျာ်းလေးဖြစ်တဲ့ မောင့် ကိုတစ်ခန်းပေးပြီး သွေးနဲ့ခေတ်ကနှစ်ယောက်တစ်ခန်း နေခဲ့ရတာမဟုတ်လား ။
"မဖြစ်ဘူး လွန်း ။ ငါမနေနိုင်ဘူး ။ငါငယ်ငယ်ကတည်းက သီးသန့်နေလာတာ နင်သိရဲ့သားနဲ့ ။"
"နင်ရောက်နေတာ ရန်ကုန်မဟုတ်ဘူးနော် ၊ "
သူမ ရှေ့တွင် အခြေအတင်ဖြစ်နေကြသည့် နှစ်ယောက်ကြောင့် ယွန်း ကြားထဲကနေ အူလည်လည်ဖြစ်နေရ၏ မြို့ကြီးသူကို မာနကြီးလိုက်တာ ဟုလည်းအပြစ်မတင်ချင် ပါ၊ သည်အခန်းကျဉ်းလေးကို နှစ်ယောက်မျှသုံးရတာဟာ ယွန်းတို့အတွက်တော့ မဆန်းပေမယ့် သူတို့လို သူဠေးသားသမီးတွေအတွက်တော့ အလွန်ဒုက္ခရောက်မည်ဆိုတာ နားလည်သည်။
သွေးက ယွန်းကိုအားနာသည့်ဟန်ဖြင့် သူ့သူငယ်ချင်းကို ခပ်ကြိတ်ကြိတ်ပြောနေေသာ်လည်း ထိုကောင်မလေးကလည်း ခေသူမဟုတ် ခေါင်းမာနေတုန်းပင် ။
"ယွန်း !သူ့အထုပ်တွေ ကားပေါ်ပြန်တင်ပေးလိုက် ။"
သွေး၏စကားကြောင့် ယွန်း မျက်လုံးအဝိုင်းသားဖြစ်သွားရသည် ။ ဘယ်လောက်ပဲ ခင်မင်ရင်နှီးပါတယ် ပြောပြော သူဒီလောက်တော့ မလုပ်သင့်ဘူးမလား ။
" ရတယ် မတင်နဲ့တော့ ။ဘယ်အခန်းလဲသာလိုက်ပြပေး ။"
သွေး အားမကျေနပ်သော်လည်း ထိုကောင်မလေးက တစ်ထစ်လျော့လိုက်သည်မို့ သနားစရာယွန်းလေးမှာ အခုမှအသက်ရှုပေါက်ချောင်တော့သည်။ ဖေကြီးနှင့်မေကြီး မရှိပါဘူးဆိုကာမှ မမတစ်ယောက်ကလည်းခုထိပြန်မလာသေး။ ယွန်း မုဒွိသဏ္ဌန်အား အခန်းထဲသို့ နေရာလိုက်ပြပေးပြီး အပြင်ဘက်သို့ပြန်ထွက်လာခဲ့လိုက်၏
![](https://img.wattpad.com/cover/334164514-288-k97855.jpg)
YOU ARE READING
အချစ်ရှိရာ အညာမြေ
Paranormalအချစ်အတွက်သာဆိုရင် လယ်ပဲစိုက်ရစိုက်ရ ကျားပဲဖမ်းရ ဖမ်းရ သွေး မမှုပါဘူး ။ အဓိက မယွန်းသဒ္ဓါသိမ့် နဲ့ပေါင်းရဖို့ပဲ ။ #ခွန်းစစ်လွန်းသွေး