"မြန်မြန်မီးထွန်းစမ်းပါ ယွန်းရာ ၊ ငါ့ခြေထောက် ကျိုးပြီလားမသိဘူး ၊အရမ်းနာတယ် ။"
"အေးဟာ မီးကလည်း အချိန်မဟုတ်အခါမဟုတ်ဒီနေ့မှပြတ်ရတယ်လို့ ၊ နေအုံး ၊ငါဖုန်းမီးအရင်ဖွင့်လိုက်မယ် ၊"
ယွန်းက သူ့ဖုန်းမီးကိုဖွင့်ရင်း အိမ်ပြင်ဘက်သို့မီးသီးလုံးတွေ သွားယူသည် ။ မီးပြတ်နေသော အခန်းထဲဝယ် ခြင်တစ်ဝီဝီနှင့် ငုတ်တုတ်ထိုင်ကာ မျက်ရည်လေးတစ်စမ်းစမ်းဖြစ်နေရသူမှာ မြို့ကြီးသူ မမလွန်းသွေးငယ်ပါလေ ။ မနက်ခင်းတောကပြန်လာကတည်းက တောင့်တင်းနေသော ပေါင်ကြောတွေနှင့် တစ်ဖျင်းဖျင်းနာနေသော ခါး ၊သူ့ခမျာ ရှုးပေါက်သွားရတာပင် အရင်လိုအလွယ်တစ်ကူကိစ္စမရှင်းနိုင်တော့ ၊ ခြေထောက်တွေကို အကွေးအဆန့်လုပ်ဖို့ပင်ကြောက်နေရသည့်အခြေအနေ ၊
"ဟယ် ခြေသည်းကိုငုတ်ထိုးသွားတာပဲ ၊ ဒီမှာ ကျွတ်တော့မယ် နင့်ခြေသည်းက ..!
ဖြူနုနေသော ခြေထောက်နုနုကို ယွန်းက သူ့ပေါင်ပေါ်သို့တင်ကာ ပြူးပြဲကြည့်နေသည် ။ လက်ထဲတွင်လည်း ဆေးဝါကြီးပုလင်းနှင့် ဂွမ်းထုတ်ကိုကိုင်ထားသေး၏
"ခြေသည်း ကျွတ်လို့မဖြစ်ဘူး ၊
"ဟင် ဘာလို့လဲ !
"မသိဘူး ငါခြေသည်းမကျွတ်ချင်ဘူး ။ "
"ဟယ် ဒီမှာကျွတ်တော့ပါမယ်ဆိုမှ ။"
"မကျွတ်ချင်ဘူးလို့ ၊ "
"ကဲ အဲ့ဆိုလည်း မကျွတ်ချင်ရတဲ့အကြောင်းပြချက် ပြော ။"
အခန်းတံခါးကို ဖွင့်လုဆဲဆဲ လက်ကလေးသည် သူငယ်ချင်းနှစ်ယောက်၏စကားသံတွေကြောင့် တုံ့ဆိုင်းသွားလေသည် ။ လက်ထဲတွင်ကိုင်ဆောင်လာသော ကန်းစွန်းဥပြုတ်နှင့် သိမ့်ကိုယ်တိုင်သုပ်လာသောလက်ဖက်ပန်းကန် ကိုငုံ့ကြည့်မိရင်း ပင့်သက်ရှိုက်မိလိုက်သည် ။
"ဟာ မမ ဘာရပ်လုပ်နေတာတုန်း ၊ဝင်လာလေ ။"
"အင်း "
"သွေး ရှိတယ် သိလား ၊ယွန်း အပြင်မှာဖုန်းခနထွက်ပြောအုံးမယ်နော် "
ဖုန်းကို မကိုင်သေးပဲ အလောတစ်ကြီးဖြင့် ပြောကာထွက်သွားသော ယွန်းလေးကြောင့် သိမ့် ခေါင်းငြိမ့်ပြရင်း အထဲသို့ဝင်လာခဲ့လိုက်၏
YOU ARE READING
အချစ်ရှိရာ အညာမြေ
Paranormalအချစ်အတွက်သာဆိုရင် လယ်ပဲစိုက်ရစိုက်ရ ကျားပဲဖမ်းရ ဖမ်းရ သွေး မမှုပါဘူး ။ အဓိက မယွန်းသဒ္ဓါသိမ့် နဲ့ပေါင်းရဖို့ပဲ ။ #ခွန်းစစ်လွန်းသွေး