part 2

3.3K 250 12
                                    



"ကျွစ် ဆီအပြည့်ထည့်လာတာကိုကွာ။ ရောက်ခါနီးမှပျက်သွားရတယ်လို့ ။"

စိတ်ပျက်စွာဖြင့်ရေရွတ်လိုက်ရင်း ဘေးဘီကိုဝေ့ဝဲကြည့်လိုက်တော့ ယဉ်မောင်းဆိုင်ကယ်တွေနှင့်ကား‌တွေမှာလမ်းမထက်တွင်တစ်ဝီဝီနှင့်ဖြတ်သွားဖြတ်လာမောင်းနှင်နေကြသည်။ ဆီဆိုင်တွေဘာတွေများ ရှိနေမလားဆိုတဲ့အတွေးလေးနှင့် လျှောက်ပတ်ရှာသော်လည်း သစ်ပင်တွေသာတွေ့ရသည်။တစ်ညလုံး မနားဘဲမောင်းနှင်လာပြီး မိုးလင်းခါနီးမှရုတ်တရက်ဆီပျက်သွားသည်ကိုပင်တော်သေးသည်ဟုဆိုရမည်။ ညဆိုရင် ပိုပြီးဒုက္ခရောက်မည်မဟုတ်လား။

ဆီပျက်ပြီးကျန်နေခဲ့တာကြောင့်မန္တလေး-စစ်ကိုင်းအဝေးပြေးကားကြီးကိုလည်းအမှီမလိုက်နိုင်တော့ပေ။ သူငယ်ချင်းတွေကိုဖုန်းဆက်ပြီးပြောဖို့ရာကျတော့လည်း စိတ်ပူနေမှာဆိုးတာနဲ့ မဆက်မိ။ထိုထဲမှာမှ ယွန်းစုခြယ်၏ပွစိပွစိဒဏ်ကိုမခံချင်တာကြောင့်ပါသည်။

"ဆီပျက်သွားလို့လား ညီမလေး ။"

စဉ်းစားရင်း ခေါင်းပူနေစဉ်မှာပင် နားထဲသို့တိုးဝင်လာသော အသံကြောင့် သွေး လှည့်ကြည့်မိလိုက်၏။စီးလာသည့်ကလစ်ဆိုင်ကယ်အဖြူလေးအားရပ်ကာ တစ်လှမ်းချင်းလှမ်းလာသော မိန်းကလေး။ ဆိုင်ကယ်ဦးထုတ်ချွတ်နေပုံကပင် ဆွဲဆောင်မှုရှိလွန်းသဖြင့်သွေး ငေးကြည့်နေမိသည်။

"အင်း။ အပိုပါရင် ရောင်းပေးမလား။"

သွေး၏ တုံးတိတိစကားကြောင့် ရှေ့ကမိန်းကလေးဟာရယ်လေသည်။ ရယ်‌သံကစနားထောင်ကောင်းလွန်းနေတာတော့ လွန်တယ်မဟုတ်လား။

"ရတယ်‌လေ ။ရော့ "

မျက်ခုံးပင့်လိုက်ရင်း ဆောင်ထားသော ဓာတ်ဆီပုလင်းအား ကမ်းပေးလာသောကြောင့် လှမ်းယူလိုက်ပြီး ချက်ချင်းလောင်းထည့်လိုက်တော့သည်။ ဗူးသည်အနည်းငယ်သေးသော်လည်း ယွန်း၏ရွာသို့ခရီးဆက်ဖို့ရာ‌ေတာ့လောက်လောက်ပါသည်။ ယွန်းပြောပုံအရဆို စစ်ကိုင်းတိုင်းဒီဘက်အတော်ရောက်လာပြီဖြစ်တာမို့ ရောက်ဖို့မလိုတော့ဘူးဟု ကောက်ချက်ချလိုက်မိသည်။
အင်း သွားရင်းလာရင်း ဓာတ်ဆီဆိုင်တစ်ခုခုတွေ့ရင်တော့ ပိုကောင်းတာပေါ့လေ။

အချစ်ရှိရာ အညာမြေWhere stories live. Discover now