part 35

3.2K 228 12
                                    


အားအင်တို့ကုန်ခမ်းနေသည့်လူတစ်ယောက်လို ယဲ့ယဲ့လေးရပ်နေသည့် အငယ့် ကိုပြေးကာဖက်မိလိုက်သည် ။ အငယ်ဟာ သူ့ရဲ့မတိုမရှည်ဆံပင်တွေကို စည်းနှောင်ထားသော်လည်း ဆိုင်ကယ်စီးလာရ၍ကြောင့်ထင်သည် ၊ထိုဆံပင်လေးတွေကဖွာ‌ေနသည်မို့ သိမ့် သူမ၏လက်ကလေးတွေဖြင့်အသာသပ်တင်ပေးမိသည် ။

တစ်သသကြည့်၍မဝနိုင်လောက်အောင် သိမ့် ရဲ့အငယ်ဟာချောပါသည် ။ ခုလိုနေမကောင်းသည့်အချိန်မှာကော ရွှင်မြူးနေသည့် အချိန်မှာရောပေါ့ ။

"အငယ် ..!

"အငယ် မေးတာကိုမဖြေရသေးဘူးနော် ။"

ခပ်ဆတ်ဆတ်လေးထွက်ပေါ်လာသော အငယ့်၏စကားကြောင့် အသည်းယားစွာဖြင့်
အငယ့် ၏ပါးပြင်လေးကိုလက်ဖြင့်အုပ်ကိုင်လိုက်ရင်း ပြုံးမိသည် ။ဒါကိုပင် စိတ်ဆိုးနေသည့် အငယ်က အလိုမကျစွာဖြင့်မျက်ခုံးတွေကို တွန့်ချိုးလိုက်သည်မို့ သဘောတစ်ကျရယ်မိလိုက်သည် ။အငယ်က တစ်ကယ်ကြီးသိမ့်ကိုစိတ်ဆိုးနေတာပဲ ။

"မ တောင်းပန်ပါတယ် အငယ်ရယ် ။ မ လေ အဲ့တုန်းကအများကြီးမတွေးခဲ့မိဘူး ။ မ ကြောင့်အငယ့်ကို ဒီထက်ပိုပြီးမထိခိုက်စေချင်တဲ့စိတ်တစ်ခုတည်းပဲရှိတော့တယ် ။ အဲ့အချိန်မှာ မ တွေးမိတာ ၊ မ တစ်ကယ်ကိုအတွေးတိမ်မိခဲ့တယ်သိလား ။ ချစ်ရဲ့သားနဲ့ စွန့်လွှတ်လိုက်တော့မယ် ဆိုပြီး ..;!

တစ်ဖြည်းဖြည်း မျက်ရည်တွေရစ်သိုင်းလာသည့် အငယ့် ကြောင့် သိမ့်ကိုယ့်ကိုယ်ကိုအပြစ်တင်လို့မဆုံးတော့ ။ လုပ်ရပ်နဲ့တင် အားမရသေးပဲ အခုတစ်ခါမှာလဲ စကားနဲ့တင် အငယ့်ကိုဝမ်းနည်းစေမိပြီလေ။

"ဝေးနေရတဲ့ ခုနစ်ရက်တာအတွင်းမှာ တို့ အငယ့်ကိုမလွမ်းတဲ့ရက်ဆိုတာ မရှိခဲ့ပါဘူး အငယ်ရယ် ။ မ ကျိန်ဆိုပြီးပြောရဲပါတယ် ။"

အငယ်က မျက်ရည်တွေကျလာကာ သိမ့်အား ရင်ခွင်ထဲဆွဲပွေ့လိုက်သည်မို့ အငယ့် ခါးလေးအားပြန်လည်ဖက်တွယ်မိသည် ။စိတ်ထဲမှလည်း "တောင်းပန်းပါတယ် အငယ်ရယ် "ဟုအကြိမ်ကြိမ်ရေရွေတ်နေမိတော့သည် ။

"ချစ်တယ် ! သိပ်ချစ်တာမို့ နောက်တစ်ခါထပ်ပြီး ထားမသွားပါနဲ့တော့ နော် ။"

အချစ်ရှိရာ အညာမြေWhere stories live. Discover now