part 41

3.6K 211 24
                                    


ချစ်သူရှိရာသို့ လမ်းကလေးလျှောက်လာရင်း လက်ထဲမှ ကိုင်ဆောင်လာသည့်ဇီဇဝါပန်းလေးတစ်ပွင့်ကို တစ်ဝကြီးမွှေးကြူမိသည် ။လေးနှစ်ကျော်ကြာမှ တစ်ဖန်ပြန်လည်ပေါက်ဖွားလာသည့်အချစ်သစ်ပင်လေးဟာ သုံးဆယ်ကျော်အစ်မကြီးတဲ့လေ ။ ကိုယ့်အဖြစ်ကိုတွေးရင်း ခပ်တိုးတိုးရယ်မောမိလိုက်ပြန်ပါသည် ။ မုဒွိသဏ္ဌန်ဟာ အရင်ကမှုန်‌တေတေမုဒွိသဏ္ဌန်နှင့်မတူပဲ အခုအခါမှာတော့ ကလေးလေးတစ်ယောက်နှင့်ပင်တူနေပါ၏

သီးခြံတွေဘက်သို့ ရောက်ရောက်ခြင်းပင် တွေ့လိုက်ရသော မြတ်နိုးရသူအမျိုးသမီး၏နောက်ကျောဘက် ။ ဝမ်းသာအားရဖြင့်ပြေးသွားမည်ဟုတွေးမိသော်လည်း အကြံတစ်မျိုးပေါက်ကာ တိတ်တစ်ဆိတ်ချည်းကပ်သွားမိသည် ။

"အင်းပါ ကိုရယ် ။နှိုင်းသိပါတယ် ။ နည်းနည်းလောက်ပဲ အချိန်ထပ်ပေးပါနော် ။"

တစ်စုံတစ်ယောက်နှင့်ဖုန်းပြောနေမှန်းရိပ်မိ‌သော်လည်း ထိုသက်ဆိုင်သူဆိုတာကိုတော့ မတွေးမိခဲ့ ။ ခြေလှမ်းတွေစုံရပ်လိုက်မိရင်း ဇီဇဝါပန်‌းကိုင်ထားသည့်လက်ကလေးဟာ တုန်ယင်စပြုလာခဲ့သည်။

"ခစ်ခစ် ! ဒီကမိန်းကလေးပါနော် ။ ရှင့်လိုယောက်ျားလေးတစ်ယောက်ကိုအပျော်ကြံစရာရှင့်"

သာယာချိုမြစွာ တစ်ဖန်ထွက်ပေါ်လာသော အသံကလေးသည်အနောက်မှာသူရှိနေတာမသိလို့ကြောင့်ပဲဖြစ်ပါလိမ့်မည် ။အကယ်၍ သိခဲ့လျှင်ကော ဒီလိုစကားမျိုးသူမ ပြောလိမ့်မည်လား မတွေး
တတ်ပါ ။ အဲ့ယောကျာ်းက အပျော်မဟုတ်ဘူးဆိုတော့ မုဒွိကိုကျတော့ကော

"ဟင် ကလေးငယ် "

အရှုံးသမားတစ်ယောက်နှယ်လှည့်ထွက်ရန် ပြင်လိုက်ပေမယ့် အောက်ရှိသစ်ကိုင်းခြောက်ကိုနင်းမိသွားတာကြောင့် မသိချင်ဟန်ဆောင်၍မရတော့ပေ ။ အောက်နှုတ်ခမ်းကိုမသိမသာဖိကိုက်ရင်း တုန်ယင်စပြု‌နေသည့်လက်ချောင်းတွေကိုခပ်တင်းတင်းဆုတ်လိုက်မိသည် ။

သူ့ကိုမြင်တော့ အံ့ဩမှင်သက်ကာညာဘက်လက်မှဖုန်းကိုချလိုက်သောကြောင့် နာကျင်‌ေနသည့်ကြားမှခပ်တေ့တေ့ပြုံးလိုက်မိသည်။ မြတ်နိုးမှုအပြည့်နှင့်ကိုယ်တိုင်ပန်ပေးမည်ဟုအတွေးဖြင့် ခူးလာခဲ့သော ပန်းကလေးဟာလည်း သူ့‌ဖိနပ်အောက်တွင်ပြားပြားဝပ်လျက် ။

အချစ်ရှိရာ အညာမြေWhere stories live. Discover now