"ကျစ် ။ကျွန်မ တောင်းပန်ပါတယ်လို့ ပြောနေတာ ဒီတစ်ခါရောဆို အခါတစ်ရာလောက်ရှိနေပြီ ၊သိရဲ့လား ။"
Jjဘောင်းဘီနှင့် ဂေါ်ထွက်နေသော မုဒွိသဏ္ဌန်က မန်းကျည်းပင်အောက်တွင် ခြေဆောင့်ကာ ဆတ်ဆတ်ထိမခံအော်ဟစ်နေသည် ။ တွဲဖက်ဝတ်ဆင်ထားသည်က တီရှပ်အနက်ရောင်ဖြစ်လို့ ဖြူလွန်းသောသူ့အသားအရေသည် ထင်းကနဲ ၊ တန်ပြန်ခပ်တည်တည်နှင့် လက်ကိုပိုက်ကာ မျက်မှောင်ကျုံ့ထားသည့် သွေး၏တီတီကြောင့် ယွန်း သူတို့အနားကို မသွားသေးပဲ ရပ်ကြည့်နေမိသည်။
"တောင်းပန်တိုင်း ငါက စိတ်ပြေရမှာလား ။ မင်းလုပ်ခဲ့တာ မင်းသိ ။"
"ဘာလဲ ၊ကျွန်မ ဘာလုပ်မိလို့လဲ ၊အညာရောက်တုန်း ထန်းရေလေး မြည်းစမ်းကြည့်တာပဲ ရှိတယ် ။ ဒါမှမဟုတ် ကျွန်မ ရှင့်ကိုများ...
"မင်းပါးစပ်က ပေါက်ကရတွေထွက်မလာခင် ပိတ်လိုက်တော့နော် ၊ စကားအကောင်းပြောနေရင်း ဖောက်မလာနဲ့ ။"
"အံမယ် ၊ ဘယ်သူက ဖောက်တာတုန်း ၊ရှင်လား ၊ကျွန်မလား ။ ကျွန်မ ထန်းရေသောက်ခဲ့မိတာ မှန်တယ် ၊ အဲ့ဒီအတွက်လည်း တောင်းပန်နေပြီပဲဟာ ၊ "
" အဲ့လောက်လွယ်လား ၊ ဟမ် ။ မင်းမနေ့က ကိစ္စတွေအကုန်လုံးကို တစ်ခုမှမမှတ်မိတော့ဘူးမလား ၊ လူမြင်မကောင်းအောင်မူးရှုးနေပြီးတော့ ၊ မင်းရောက်နေတာ ရန်ကုန်မဟုတ်ဘူးနော် ၊သူများဌာနေမှာ ၊ ငါ့ကိုအားမနာလည်း အိမ်ရှင်တွေကိုတော့ နည်းနည်းပါးပါး အားနာအုံးလေ ။"
"သိပါတယ်လို့ ။ အဲ့အတွက်လည်း တောင်းပန်ပြီးပြီပဲဟာ ။"
စိတ်ပျက်လက်ပျက်ဖြင့် ဆံပင်တွေကိုခပ်ကြမ်းကြမ်းထိုးဖွလိုက်ရင်း ညူစူမိသည် ။သူဘယ်တော့များမှ ဒီနှိုင်းအိမ့်လွန်းညိုဆိုသည့် အမျိုးသမီးနှင့်တည့်ပါလိမ့်မလဲ ။
"မနက်ဖြန်ပြန်မယ် ။"
"ဘာ "
မျက်လုံးအစုံပြူးကျယ်ရင်း အော်လိုက်မိတော့ စိတ်ဆတ်လွန်းသော ထိုအမျိုးသမီး၏အော်ငေါက်ခြင်းကိုခံလိုက်ရပြန်သည် ။ ဒီတစ်ခါမှာတော့ မုဒွိ ပြန်ခံပြောရမည့်အစား ငိုင်ကျသွားလေသည် ။

STAI LEGGENDO
အချစ်ရှိရာ အညာမြေ
Paranormaleအချစ်အတွက်သာဆိုရင် လယ်ပဲစိုက်ရစိုက်ရ ကျားပဲဖမ်းရ ဖမ်းရ သွေး မမှုပါဘူး ။ အဓိက မယွန်းသဒ္ဓါသိမ့် နဲ့ပေါင်းရဖို့ပဲ ။ #ခွန်းစစ်လွန်းသွေး