part 16

3K 261 3
                                    


အချိန်ဟာ ညနေစောင်းနေပြီဖြစ်သော်လည်း ချွေးတွေဟာဒီးဒီးကျနေဆဲပင်ဖြစ်၏ ဘယ်လောက်ထိပင် ချွေးထွက်များလဲဆိုရင် တစ်ကိုယ်လုံးရေချိုးထားသည့်နှယ် စိုရွဲနေ၏ မျက်နှာပေါ်က ချွေးတွေအား အကြမ်းပတမ်းသုတ်တင်လိုက်ရင်း ရှေ့နားက ယွန်းစုခြယ်ကို လှမ်းကြည့်လိုက်မိသည် ။

ဟူး ။ ပင်ပန်းတယ်ဆိုတာ ဒါမျိုးပါလား ဟု ပင်မဆီမဆိုင် ရေရွတ်လိုက်မိသေး၏ တစ်နေ့လုံး ‌ခါးကုန်း၍ ဒီပဲတောင့်အနက်တွေကို လိုက်ဆွတ်နေရသည်မှာ သည်လောက်တောင်ပင်ပန်းသည်တဲ့လေ ။ ခါးတွေလည်း နာလှပြီး ပေါင်ကြောတွေဟာလည်း တောင့်တင်းနေ၏ ဒါတောင် ခုချိန်ထိပြန်မယ်တစ်ခွန်းမဟသေးသည့် ယွန်း ကြောင့် လူကထိုင်ငိုပြစ်ချင်စိတ်ကို မနည်းထိန်းနေရသည်။ ရှိစုမယ့်စု မာနခံလေးရှိနေလို့သာ သည်လောက်ထိတောင့်ခံနေနိုင်တာပင်။

"ဟဲ့ မြန်မြန်ဆွတ်လေဟယ် ။ ဒါလေးပြီးရင် အိမ်ပြန်ရတော့မှာဟ ။ မြန်မြန်လုပ်စမ်းပါ ။ငါ့ကိုမှီအောင်လိုက်ခဲ့ ။"

မတ်တပ်ကြီးရပ်၍ သွေးအားကြည့်ကာ ငေါက်နေသည့် ယွန်းအား အသေလုပ်ချင်သည် ။ သူက သည်ရွာသူဖြစ်၍ ဒီအလုပ်တွေအား စိမ်းသက်မနေပေမယ့် သွေးအတွက်ကတော့ စိမ်းလွန်းနေသည်မဟုတ်လား။ နေမင်းကြီး၏အရှိန်အဝါဟာလည်း ယနေ့မှ ထက်ပို၍ထွန်းလင်းနေသည် ။ ဦးထုပ်စောင်းထား၍ ဦးခေါင်းကိုမပူတာကလွဲရင် ကျန်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကတော့ ပူကျစ်တောက်လောင်‌နေသည်မဟုတ်လား ။ နားထင်စပ်က ချွေးပေါက်တွေသည် ခြေဖျားအောက်သို့ တစ်ပေါက်ပေါက်နှင့် ။ ပြေးလည်းမပြေးပါပဲနှင့် သည်လိုလေးရပ်၍ ပဲဆွတ်နေယုံက လူကိုသည်လောက်တောင်မောဟိုက်စေနိုင်သည်တဲ့‌ေလ။

အသက်ကိုခပ်ပြင်းပြင်းရှုကာ ခါးနာသက်သာလိုသက်သာငြား ဘေးပတ်ပတ်လည်ကို ဝေ့ဝဲကြည့်မိလိုက်သည် ။ လယ်ကွက်၏ တောင်ဘက်ခြမ်းထောင့်အဆုံးတွင် မန်းကျည်းသုံးပင်တန်းအပင်ကြီးတွေရှိ၏ ‌ကပ်လျက်ဖြစ်သည့် ယာကွက်တွေသည်လည်း သည်လို ပဲတောင့်အနက်ကြီးတွေဖြင့် မဲမှောင်တူးနေ၏

အချစ်ရှိရာ အညာမြေWhere stories live. Discover now