Part 12

2.8K 260 1
                                    

"အချစ်ရှိရာ အညာမြေ " အပိုင်း(၁၂)

"ရား လွန်းသွေးငယ် ။ နင်ဟာ... ၊ အခုမှပြန်လာတယ် ၊နင်မရှိ‌ေတာ့ငါဘယ်လောက် စိတ်ကျဉ်းကြပ်နေရလဲ သိရဲ့လား ။"

ခြံဝသို့ ရောက်ရောက်ခြင်းပင် ငယ်ငယ်ချောချောကောင်မလေးတစ်ယောက်၏ အသံစူးစူးအသံကြောင့် သွေး မျက်မှောင်ကြုံ့မိလိုက်သည် ။ သွေး ထင်တာ မမှားဘူးဆိုလျှင် ဒီမိန်းကလေးဟာ မုဒွိသဏ္ဍန်ဘဲ ဖြစ်ရမည်။အတွေးတို့ပင် မဆုံးသေး လက်မောင်းပေါ်သို့ ဖြန်းကနဲကျရောက်လာသည့် လက်ဖဝါးကြောင့် တစ်ကိုယ်လုံးပူထူသွားရသည်။

"ဖြန်း!! နင်လွန်းသွေးငယ်မှဟုတ်ရဲ့လား ၊ ငါ့ကိုမမှတ်မိဘူးလား ။ဟမ် ။ဘာလဲ ငယ်ငယ်ကထက် ပိုလှလာလို့လား ။"

"စကားတွေမများနဲ့ ။ ငါခရီးပန်းလာတယ် ၊အိမ်ထဲအရင်သွားရအောင် ။'

"အမလေး အေးပါဟယ် ၊လာလာ ငါသံပုရာ‌ရည်ဖျော်တိုက်မယ် ။"

ထိုသို့ဖြင့် မုဒွိသဏ္ဍန်အား မျက်‌မှောင်ကျုံ့
ကြည့်ရင်း နှစ်ယောက်သား အိမ်ထဲသို့ဝင်လာခဲ့ကြသည် ။

"ထိုင်အုံး ၊ ငါသံပုရာရည်သွားဖျော်ပေးမယ် ။"

ဆိုဖာခုံပေါ်သို့ ပစ်လှဲထိုင်ချလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သဏ္ဍန့်၏အပြောကြောင့် ရယ်ချင်မိသွားရသည်။အခုကဘာလဲ ၊ သွေးက ဧည့်သည်ဖြစ်ပြီး သူကအိမ်ရှင်လား ။

"ရတယ် ရေဘဲယူလာခဲ့ပေး ။"

"အေးအေး ။အဲ့ဒါဆို ခနစောင့် ။"ဟု ဆိုကာ ထွက်သွားသော ငယ်သူငယ်ချင်းဖြစ်သူကြောင့် သွေး သက်သောင့်သက်သာဖြစ်အောင် ‌ဆိုဖာပေါ်တွင် အိပ်ချလိုက်မိသည် ။
တိတ်ဆိတ်နေသော အိမ်ကြောင့် မာမီနှင့်ဒယ်ဒီ မရှိဘူးဆိုတာ သိလိုက်သည် ။ သွေးကလည်း ဒီနေ့ပြန်လာမယ်ဆိုတာ ကြိုမပြောထားတာကြောင့်လည်းပါမည်ထင်၏

"မီးငယ် ၊ ပြန်ရောက်လာပြီလား ။"

ထိုစဉ် ရင်းနှီးသည့်အသံနှင့်အတူ အိမ်ပေါ်မှဆင်းလာသည့်အမျိုးသမီးကြောင့် သွေး မျက်လုံးတွေကို ဆတ်ကနဲဖွင့်လိုက်ပြီး ထထိုင်လိုက်သည် ။ ခနအကြာ ဘယ်သူများလဲ ဟုစူးစိုက်ကြည့်နေရာမှ ထိုသူဆိုတာ သေချာသည်နှင့် ပြေးဖက်လိုက်မိသည် ။

အချစ်ရှိရာ အညာမြေWhere stories live. Discover now